Monday 2 January 2012

နှစ်သစ်ကို ကြိုဆိုလိုက်တဲ့ မကောင်းဆိုးဝါး “သိန်း” (Thane)



 မြန်မာ့မိုးလေ၀သနှင့်ဇလဗေဒ ဌာနက သောကြာနေ့ အိန္ဒိယ အရှေ့ပိုင်းကမ်းခြေကို တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း အမည် ကို “သိန်း” (Thane) လို့ ပေးထားတယ်။  ဒီအမည် ဟာ နာဂစ် ဖွဲ့စည်းပုံ က ပေါ်ထွက်လာတဲ့ တမတ်သား သမ္မတကြီး သိန်းစိန် ကို ဂုဏ်ပြုပြီး မြန်မာ က နာမည် ပေးထားတာ ဖြစ်ပြီး၊ ဘယ်လောက် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိမလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။ 

လောလောဆယ်တော့ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်မှာတော့  မိုင် ၉၀ ကျော်ပြင်းအားနဲ့ တိုက်ခတ် ခဲ့တဲ့ “သိန်း” (Thane)  ကြောင့် လူ ၄၇ ယောက်သေဆုံးသွားခဲ့တယ်။ “သိန်း” (Thane) ကြောင့်  မြန်မာနိုင်ငံမှာ ဘယ်လောက် ဆုံရှုံးမှုတွေ ရှိမလဲဆိုတာ မသိရသေးပါဘူး။ နာဂစ်တုန်းကတော့ လူတွေ သိန်းနဲ့ချီ  အထိနာ ဂစ်ဂစ် ဂစ်ဂစ်  ဖြစ်ခဲ့ရပြီး၊ ဒီတခေါက် “သိန်း” (Thane) က ဘာတွေ အကုန်လုံး ရိတ်သိမ်းသွား မလဲ မသိသေးပါ။  

အိန္ဒိယ မှာ နှစ်သစ် ကို  မကောင်းဆိုးဝါး ဆိုင်ကလုံ “သိန်း” (Thane) က  ကြိုဆိုလုပ်ပြီ။ မြန်မာနိုင်ငံ  မှာ  “သိန်း”  က နှစ်သစ် မှာ ဘာတွေ မွှေနှောက်အုန်းမလဲ မသိပါ။

No comments :