Thursday, 2 February 2012

´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး


´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး´ ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ၅.၂.၂၀၁၂
နေ့လည် ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
စာတမ်းဖတ်ကြားကြမည့် အဖွဲ့အစည်းများမှာ -
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့်
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ- မျိုးဆက်သစ်ကျောင်းသားလူငယ်များ
အနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင်
နိုင်ငံရေးအကြောက်တရားကင်းဝေး
စေပြီး မိမိတို့ယုံကြည်ရာကို ပြောဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာရန်နှင့်
ဒီမိုကရေစီတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်လိုသည့် လူငယ်လူရွယ်များ
ဖြစ်လာစေရန် ရည်ရွယ်ပါသည်။
စာတမ်းဖတ်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ
`မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား´ ပြောကြားမည်ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံး
အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့။
ဖုန်း- ၀၉၇၃၀၉၆၈၈၇

2 comments :

Anonymous said...

အမျိုးဘယ်လောက်ပင် မြင့်မြတ်စေကာမူ ယုတ်မာသော အမှုကိုပြုလျှင် ယခုဘဝ၌ပင် ကဲ့ရဲ့ဖွယ်ဖြစ်၏။
တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရ၏။

ကျွန်တော်တို့၏ သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သူယုတ်မာ အကြောင်းကိုရှင်းရှင်းလင်းလင်း ဟောကြားခဲ့သည်ကို ဝသလသုတ်၊ဥရဝဂ်၊သုတ္တနိပါတ်ပါဠိတော်မြန်မာပြန်တွင် ပါရှိပါသည်။

ယနေ့မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် အရေးကြီးဆုံးသော အဟန့်အတားမှာ သူယုတ်မာ များ ကြီးစိုးနေခြင်း ဖြစ်ပါသည်။သို့အတွက် မိမိကိုယ်တိုင်လည်း သူယုတ်မာ မဖြစ်အောင်ကြိုးစားပြီး သူယုတ်မာ အားပေး မလုပ်မိစေရန်နှင့် သူယုတ်မာတိုက်ဖျက်ရေးကို ကြိုးပမ်းပေးကြပါရန် လေးလေး နက်နက် တိုက်တွန်းအပ်ပါသည်

KYAW ZIN said...

Dear all students, in order to revialise and keep a good history of Students' Union, you all should consider in legal frame work to register and form official student union in Myanmar. If every person give 10 Kyats, you will get 600 million Kyats to buy and build a new union building. Pls consider.