Friday, 3 February 2012

ပုသိမ်ကျောင်သားများ အကြပ်တွေ့ 

ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသားတွေကို စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ် တဲ့ ရုတ်တရက်အမိန့်ကို ထုတ်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ဘာသာရပ်အားလုံးကို တစ်နေ့တည်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီစာမေးပွဲကို လာမဖြေဘူးဆိုရင် ဒေါ်စုလမ်းကြောင်းဆီ သွားကြတယ်လို့ သတ်မှတ်မယ်လို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ သိရပါတယ်။ အဲဒီလိုသတ်မှတ်ခံရရင် ဘာဖြစ်မလဲလို့ တချို့ကျောင်းသား တွေရဲ့ အမေးကို သိချင်ရင်လုပ်ကြည့်လိုက် ဆိုပြီး ဆရာမတွေက ပြန်ဖြေတယ်လို့ သိရပါတယ်။ အချိန်ကိုက်ကြေငြာလိုက်တဲ့ မတရားသော စာမေးပွဲကို မကျန်းမာဖြစ်နေတဲ့၊ အဝေးရောက်နေတဲ့ ကျောင်းသားတွေအားလုံး လာရောက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ကားတွေစီးလုံးငှား ထားပြီးဖြစ်နေကြပါပြီ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့နေ့မှာ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေဆိုနေကြမလား... ကျောင်းအာဏာကို ဖီဆန်ပြီး ကြိုဆို ကြမလားဆိုတာ စောင့်မျှော်ကြည့်ကြရမှာပါ။ ကျောင်းသားဆိုတာ အစဉ်အလာကောင်းမွန် ခဲ့ကြသူတေ ပဲဖြစ်ပါတယ်။

အဘ ဥက္ကာကိုကို ဖေ့စ်ဘွတ်မှ ...

4 comments :

Myanmar said...

မတ၇ား အမိန့်မှန်သမျှ ဖီဆန်ကြ.......................

Anonymous said...

ဒေါ်စုကို လေးစားတယ်။ ထောက်ခံတယ်။ ဒါပေမဲ့ မင်းတို.လို မကိုးကွယ်ဘူး။ စုံလုံးမှိတ်ပြီး ဖင်ကုန်းမကန်တော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ ခေါင်းဆောင်တွေကို ဝေဖန်လို.ရတယ်။ မျက်ကန်းမဟုတ်ဘူး

Anonymous said...

ဒေါ်စုကို လေးစားတယ်။ ထောက်ခံတယ်။ ဒါပေမဲ့ မင်းတို.လို မကိုးကွယ်ဘူး။ စုံလုံးမှိတ်ပြီး ဖင်ကုန်းမကန်တော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ ခေါင်းဆောင်တွေကို ဝေဖန်လို.ရတယ်။ မျက်ကန်းမဟုတ်ဘူး


totally AGREE FOR IT!!!!
LOOK THE PICTURES ABOVE!!!
SINCE DASSK WATCHED FOOTBALL MATCH WITH ZAW ZAW !!!
I FELT TO VOMIT ALL MY RESPECT TO HER!!!!

SHE NEED TO BEHAVE!!!!!

Anonymous said...

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ

တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။