Wednesday 15 February 2012

ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပန်းမှုများ အတုအယောင်သာဖြစ်နေခြင်း




ဦးသိန်းစိန် အစိုးရ က ဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ကာယကံရှင်များ စိတ်ပျက်လက်ပျက်ဖြစ်နေကြ တယ်လို့ သိရပါတယ်။ 

ကရင် ခေါင်းဆောင်တွေက တကယ်တန်းစစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် သဘောတူညီမှု 
တစုံတရာမရရှိပဲ ယာယီအပြစ်အခတ်ရပ်စဲရေးအဆင့်မှာ ပဲရှိသေးတယ်လို့ ဆိုပါတယ်။ 
ဒါအပြင် ဗွီအိုအေ သတင်းဌာန ကို မြန်မာ ပြည်မှာ ရုံးခန်းဖွင့်ခွင့်ပေးမယ်။ ကိုယ်စားလှယ်ထားခွင့်ပြုမယ်ဆိုတာကိုလည်း တိတိကျကျ အကြောင်းမပြန်ပဲ ဟိုရွေ့ ဒီရွေ့  လုပ်ထားတယ်လို့ ဆိုပါတယ်။  အဆိုးဆုံး အခြေအနေကိုနဲ့ရင်ဆို်င် နေရတာကတော့ 
Mizzima သတင်းဌာန ဖြစ်ပါတယ်။ ဒီသတင်းဌာ ကို နာမည်ပြောင်းခိုင်း တယ်။ တခြားအမည်နဲ့ 
မှ ပြည်တွင်းမှာ ဂျာနယ်ထုတ်ဝေခွင့်ရမှာဖြစ်ပြီ။ သူတို့ လူတဦး နဲ့ တွဲ ပြီး  ပူးတွဲ မှတ်ပုံတင်ရမယ်လို့ လည်းသတင်းတွေ ထွက်နေပါတယ်။  Mizzima သတင်းဌာန အခြေအနေက မြန်မာ တိုင်းမ်စ် သတင်းဌာ လို အယ်ဒီတာ ဒန် ကလီ လို  ဇတ်သိမ်းမကောင်းတဲ့ ဘ၀ ကိုရောက်မှာကို စိုးရိမ်စရာပါ။ သတိပြုစရာဖြစ်နေပါတယ်။ အလားတူပဲ ခြားအဖွဲ့ စည်း
တွေရဲ့  အခြေအနေကလည်း တိကျတဲ့ အဖြေမပေးပဲ အချိန်ဆွဲ တဲ့  ဗျူဟာကို သုံးနေတယ်လို့ 
ရင်ဖွင့်ကြပါတယ်။  ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး နဲ့  ပြည်ပရောက် သတင်းဌာနများ 
ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ အဖွဲ့  စည်းများ ဟာ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေကို သံသယရှိနေကြပြီလို့ ဆိုကြပါတယ်။ 
တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ် နိင်သေးပဲ အတုအယောင် ငြိမ်းချမ်းရေ ပါဗျာ လို့  
အမည်မဖေါ်လိုတဲ့  ဒီမိုသတင်းရပ်ကွက်က   ခေါင်းဆာင်တဦးက ဆိုပါတယ်။  ဒီပုံနဲ့ တော့  ရွှေပြည်တော်မျှော်တိုင်းဝေးပါဗျာလို့  သူက ဆိုပါတယ်။ 

No comments :