Thursday, 23 February 2012

ပွင့်လင်းတဲ့ လူ့ အဖွဲ့ စည်း

““ ကျွန်တော်တို့သွားနေတဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ဆင်ခြင်တုံတရားကို အမိန့်အာဏာတွေက ဓားနဲ့မိုးထားမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ ဆင်ခြင်တုံတရားဆိုတာ ရှိပါတယ်။ ပြည်သူလူထုရဲ့ အကောင်းအဆိုးကို သိတယ်မသိဘူးဆိုတာကို ဆုံးဖြတ်နိုင်စွမ်းကို ဆင်ခြင်တုံတရားလို့ ခေါ်ပါတယ်။ အမိန့်ကြေငြာချက်၊ ဥပဒေကဲ့သို့ အာဏာတည်သောဆိုတဲ့ စကားလုံးတွေနဲ့ အပေါ်က ဓားလိုမိုးထားမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ မနိုင်လို့ငြိမ်နေခြင်းပဲဖြစ်ပါတယ်။
အခြေအနေပေးရင် ထပြီးတော့ပေါက်ကွဲနိုင်တဲ့ မီးတောင်တစ်လုံးပဲဖြစ်နေမှာပါ။ အဲဒါဟာ သိပ်ပြီးအန္တရာယ်ကြီးပါတယ်””ဟု ကိုမင်းကိုနိုင်က ဆိုသည်။
(၂၀.၂.၂၀၁၂၊ ဟင်္သာတ)

No comments :