Saturday, 4 February 2012

တိရိစ္ဆာန် ကိုးကွယ်၊ သံဃာ မောင်းထုတ်တဲ့ တမတ်သား အစိုးရ ခေတ်

မဂ္ဂင်ကျောင်းတိုက် က သံဃာတော် တွေ ကို အာဏာပိုင်တွေ က မောင်းထုတ် ပြီး၊ ကျောင်းကို ပိတ်လိုက်တဲ့ ဗွီဒီယို မှတ်တမ်း သတင်းပါ။ မင်းဆိုးမင်းညစ် အောက် က သံဃာတော်တွေရ ဘ၀ အခြေအနေမှန်၊ ဖြစ်ရပ်မှန်တွေကို  ဖော်ပြနေတဲ့ သမိုင်းတွင်မည့် ရာဇ၀င် မှတ်တမ်းတွေပါ။ Read more...

ဒီလုပ်ရပ် ကို ဘယ် သူ က ဆုံးဖြတ်ချက်ချ ညွှန်ကြားခဲ့သလဲ၊ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဒါဟာ အာဏာပိုင်တွေရဲ့ အောက်တန်းကျတဲ့ ဂလဲ့စားချေ တဲ့ လုပ်ရပ်၊ အကျင့်စရိုက် တွေပါ။ အလွှာ အသီးသီးမှာ ယုံကြည်မှု တည်ဆောက်ရေး ကို ပျက်ပြားစေတဲ့ ဖြစ်ရပ်တွေလည်းဖြစ်တယ်။ ဒီ လို အောက်တန်းကျတဲ့ စိတ်ဓာတ်တွေ နဲ့ ဦးဆောင်မှု လုပ်နေတယ်ဆိုရင်တော့ တိုင်းပြည် က ရင်လေးစရာပဲ။ ဘယ်သူ ပဲဖြစ်ဖြစ်…၀ဋ် ဆိုတာ ရှိတယ်……။ မြတ်စွာဘုရား တောင် မလွတ်ဘူး။ သရဏဂုဏ် တင်ပေး မဲ့ သံဃာတော် ရှိပါစေလို့ပဲ ဆုတောင်းကြပါ။

အရည်ပြားရောဂါစွဲနေတဲ့ ဆင်နှု ကို ဆင်ဖြူ ဆိုပြီး နံသာရည်လိမ်း နေရာ ပေး ခမ်းခမ်းနားနား နေပြည်တော် ခေါ်ပြီး ကိုးကွယ်ကြတယ်။ ဗုဒ္ဓဘာသာ ကို ပြန့်ပွားပေးနေတဲ့ သံဃာတော်တွေ ကြတော့ မောင်းထုတ်ခံရတယ်။ တိရိစ္ဆာန် ကိုးကွယ် နေတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေ ကို အများပြည်သူ သိအောင် ဖော်ထုတ်ကြပါ။

တိရိစ္ဆာန် ကိုးကွယ်၊ သံဃာ မောင်းထုတ်တဲ့ အုပ်ချုပ်ရေးခေတ် လို့ပဲ ပြောရတော့မယ်။ ထပ်ပြောအုန်းမယ်…. ၀ဋ် ဆိုတာ ရှိတယ်……။

Government Authorities sealed off the Maggin monastery on 4-2-2012

4 comments :

Anonymous said...

ကိုယ်တော်ပြောတယ်မှန်ပါတယ်...ဘုန်းကြီးကျောင်း ဘုန်းကြီးနေတာ ဘာဖြစ်နေတာလဲဗျ။ ဒီသာသနာရေးဝန်ကြီး ဋ္ဌာနဆိုတဲ့ အဖွဲ့အစည်း စောက်ချီးထုပ်တွေကြီးပဲ...ရိုင်းရိုင်းပြောရရင် သာသနာရေးဝန်ကြီးဆိုတဲ့ လဒ လီးပဲ

KO said...

မလုပ်သင့်တာလုပ်ကြရင်မဖြစ်သင့်တာတွေဖြစ်လာလိမ့်မယ် ကံကြီးထိုက်ကြလိမ့်မယ် အချိန်မှီ ညှိနှိုင်းတောင်းပန်ပြီး သံဃာတွေကိုယ့်ကျောင်းကိုယ်သီတင်းသုံးကြပါစေ တရားဥပဒေဆိုတာ လူသားတွေကိုကာကွယ်ဖို့ ပါ လိုအပ်လာရင်ပြုပြင်ရပါမယ်

Anonymous said...

အဲ တခုတော့ပြောပါရစေ..ကြံ့ဖွတ်အစိုးရမိုက်ရိုင်းခဲ့တာ အထင်အရှားပါ...ငြင်းလို့မရပါဘူး..ကိုယ်တော်တွေ ထွက်
သွားရတာတွေ့ရတော့စိတ်မကောင်းဖြစ်ရပါတယ်။
ဒါပေမယ့် ကိုယ်တော်တွေထောင်က လွတ်လာတာနဲ့ ဂရုမစိုက်တဲ့ပုံစံနဲ့ ချိတ်ပိတ်ထားတဲ့ ကျောင်းတံခါးကို
ရိုက်ချိုးဝင်တာမျိုကကြတော့ နဲနဲလွဲနေတယ်ထင်တယ်။
လက်ခံတာတွေ လက်မခံတာတွေဘေး ဖယ်ထား
ဘာပဲပြောပြော ဗမာနိုင်ငံမှာ ဥပဒေဆိုတာ
ရှိပါတယ်...လမ်းဘေးဆန်ဆန် အပြုအမူ
မျိုးက ဘယ်နေရာမှာမှ အဆင်ပြေမှာမဟုတ်ပါဘူး၊
အဖြစ်အပျက်ကိုစာနာတယ် စိတ်မကောင်းဘူး
ဒါပေမယ့် အစိုးရက လုပ်သင့်တာ လုပ်တယ်လိုထင်
ပါတယ်..တရားစွဲမခံရတာတော်ပါသေးတယ်။

Anonymous said...

htaik ဆိုတဲ့သူပြောလို့ ... အစိုးရက လုပ်သင့်တာလုပ်တယ်လို့ထင်တယ်တဲ့..ဟားဟားဟား...ရီလိုက်ရတာ ဘောတောင်နာတယ်.