Wednesday, 8 February 2012

လှိုင်သာယာစက်မှုဇုံမှ ဆန္ဒပြအလုပ်သမားအရေး မုချအောင်ရမည်။

 ကိုအောင်မျိုးထွန်း Facebook

လှိုင်သာယာစက်မှုဇုံက စက်ရုံအလုပ်သမားတွေ အလုပ်မဆင်း သပိတ်မှောက်နေတာ
အခုထိ ပြေလည်မှု မရရှိသေးပါဘူး။ အလုပ်ပိတ်ရက်တွေ များပြားပြီး လုပ်ခလစာတွေ
ဖြတ်တောက်တဲ့အတွက် အလုပ်ရှင်ကို မကျေနပ်လို့  အလုပ်မဆင်းဘဲ ဆန္ဒပြနေတာပါ။
ဒီနေ့ မှာတော့ အလုပ်သမားဦးစီးဌာနက တာဝန်ရှိလူကြီးတချို့  ရောက်လာပြီး
အလုပ်သမားတွေဘက်က လိုလားချက်တွေ၊ ဖြစ်စေချင်တာတွေကို ပြောပြပေးဖို့ 
ဦးဆောင်တဲ့ ကိုယ်စားပြုအလုပ်သမား သုံးလေးယောက်ထွက်လာပေးဖို့  ဖိတ်ခေါ်တဲ့အခါ
အလုပ်သမားတွေဘက်က တစ်ယောက်တစ်လေမှ ရှေ့ ထွက်လာတာ မတွေ့ ရပါဘူး။
ဘယ်ထွက်လာမလဲဗျာ....။
အရင်တုန်းက ဆန္ဒပြတောင်းဆိုမှုတွေမှာ အဲသလို ထွက်လာပြီး ပြောခဲ့တဲ့
ကိုယ်စားလှယ်အလုပ်သမားတွေကို ကုမ္ပဏီပိုင်ရှင်နဲ့  အလုပ်သမားဌာနက တာဝန်ရှိသူတွေ
ပူးပေါင်းကြံစည်ပြီး ဦးဆောင်သူတွေကို လစာနည်းအောင် အလုပ်ချိန်လျော့ချတာတွေ၊
ရပိုင်ခွင့် ကန့် သတ်တာတွေကို နည်းလမ်းမျိုးစုံနဲ့  ဖိနှိပ်ချုပ်ချယ်ပြီး နောက်ဆုံးတော့
အဲဒီ့အလုပ်က စွန့် ခွာသွားအောင် အညှိုးအတေးထား တုန့် ပြန်ယုတ်မာခဲ့ကြတာကိုးဗျ။
မိမိရဲ့  တရားမျှတ ကျိုးကြောင်းဆီလျော်တဲ့ မူလရပိုင်ခွင့် အခွင့်အရေးတွေအတွက်
တောင်းဆိုဆန္ဒပြတဲ့သူ ကျောင်းသား အလုပ်သမား ၀န်ထမ်း မည်သူ့ ကိုမဆို
ကိုယ်စားပြုဦးဆောင်ပေးတဲ့ ခေါင်းဆောင်တွေအပေါ် ငါတို့ ကို အာခံသူတွေ၊ အေးချမ်း
တည်ငြိမ်မှုကို ပျက်ပြားအောင် သွေးထိုးသူတွေ ''မည်းမည်းမြင် ပစ်ဟေ့'' လို့ 
အာဃာတတရားနဲ့  ချေမှုန်းဖျက်ဆီးဖို့ ချည်း ခေါင်းထဲ တွေးနေကြရင်တော့၊
ညီရင်းအစ်ကို သွေးချင်းသားရင်းစိတ်နဲ့  ကိုယ်ချင်းစာတရား မထားနိုင်သေးသမျှတော့
ဒီမိုကရေစီပူစီပေါင်းတွေ တဖောင်းဖောင်း ဖောက်နေတဲ့အစိုးရဘဲ ဖြစ်လိမ့်မယ်။
လှိုင်သာယာစက်မှုဇုံမှ ဆန္ဒပြအလုပ်သမားအရေး မုချအောင်ရမည်။

No comments :