ကိုမိုးသီးဇွန် ခင်ဗျား ဇန်န၀ါရီလ ၁၄ ရက်နေ့က ဒုတိယ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုက ခင်ဗျားနဲ့ ဒေါက်တာစိန်ဝင်း ကို မြန်မာပြည်ကို ပြန်လာချင်ရင် လာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြော ချင်ပါသလဲ။
ဟုတ်ကဲ့။ ကျနော်ကို ပြန်လာနိုင်ပါတယ်လို့ ဖိတ်ခေါ်သွားတဲ့ ဦးကိုကို ကို ကျေးဇူးတင်ပါတယ်။ ကျနော်အပါအ၀င် ပြည်ပ ရောက် ၈၈ မျိုးဆက်များ၊ ပြည်ပရောက်မြန်မာ နိုင်ငံသား ဒီမိုကရေစီအင်အားစုများဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန် လည်ထွန်းကားရေး၊ လူအခွင့်အရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့အ တွက် နှစ်ပေါင်းများစွာ ကြိုးပန်းဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ကိုယ်နိုင်ငံကိုကိုယ်ပြန်ပြီး တိုင်းကျိုးပြု ပြည်ကျိုးပြု ဆောင်ရွက်လိုသူများ ဖြစ်ပါတယ်။ အားလုံး လူ့ဂုဏ်သိကာရှိရှိ ပြန်လာနိုင်ဖို့ အတွက် လက်ရှိအစိုးရက တ ရားဝင်ဖိတ်ခေါ်မှုတွေ စီမံဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ကျနော် တိုက်တွန်းလိုပါတယ်။
ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေသူတွေ၊ ဒုက္ခသည်စခန်းမှာ တသိန်းကျော်ရှိနေတဲ့ မြန်မာပြည်သားတွေ၊မလေးရှားမှာ ဒုက္ခသည်လျောက်ထားသူ ၅ သိန်းရှိတယ်။ တသိန်းကျော်က ကုလသမဂ မဟာမင်းကြီးရုံးက တရားဝင် အသိမှတ်ပြုပြီး သားတွေလို့သိရတယ်။ ဂျပန်မှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေတယ်။ ဒီလူတွေဟာ သူတို့ မွေးရာနိုင်ငံကို ဘယ်တော့ ပြန်နိုင်မလဲ။ သူတို့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်မှ တိုင်းပြည်ဟာ တိုးတက်မယ်၊ ကြီးပွားမယ် ဆိုတာကို ပြောခဲ့သူတွေ၊ လုပ်ခဲ့သူတွေ ယုံကြည်ခဲ့သူတွေပါ။ ဒီလိုပြောခဲ့သူတွေကို အစိုးရက ကျေးဇူးတင်ရမှာပါ။ သူတို့ ရဲ့ကြိုးပန်းမှု၊ စွန့်လွတ်မှုတွေကို အသိမှတ်ပြုရမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို သူတို့တတ်အားသရွေ့ ဆောင်ရွက်နိုင်သူတွေပါ။ သူတို့နဲ့ စေ့စပ်ဖို့ ပြန်လာနိုင်ဖို့ သူတို့ဘ၀တွေ ပြန်လည်တည်ဆောက် နိုင်ဖို့ စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့အစိုးရက ဖိတ်ခေါ်မှု ကမ်းလှမ်းမှုတွေလုပ်လာရင် ကိုမိုးသီးက ပြန်မှာလား။
မြန်မာပြည်က တကယ်ပဲပြောင်းလဲပြီလား၊ ပြောင်းလဲမှုလမ်းစပေါ်ရောက်ပြီလား။ တိုးတက်ပြောင်းလဲမှုဖက်ကို ဦးတည် နေပြီလားဆိုတာ ကျနော် သိချင်ပါတယ်။ရောမမြို့ကြီးကို တနေ့တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ကျနော်မျက်စိနဲ့ မြင်ချင်တယ်။
မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်နေချိန်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်မှုရှိရေး၊ လူတိုင်း ပါဝင်နိုင်ခွင့်ရှိရေး၊ တရားဥပဒေဆိုးမိုးရေး၊ အခွင့်အလမ်းတန်းတူညီမျှရှိရေး၊ နိုင်ငံသားတိုင်း မွေးရာပါ အခွင့်အ ရေးတွေရှိရေး၊ ငြိမ်းချမ်မှု တည်တန့်ရေးတွေဟာ အခြေခံ မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ လိုအပ် နေတဲ့ အုပ်သဲကျောက်တွေ ဖြစ်ပါတယ်။ ဒီ အုပ်သဲကျောက်တွေကို ကျနော် သယ်ဆောင်ပေးချင်ပါတယ်။ ကျနော် သယ် ဆောင်ခွင့်ရှိရင် ပြန်ချင်တယ်။
အခု အေဘီအက်စ်ဒီအက်ဖ်နဲ့ရော၊ အက်ဖ်ဒီပီနဲ့ရော ဦးသိန်းစိန်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ဖိတ်ခေါ် တာတွေရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်သလဲ။
တွေ့ဆုံဆွေးနွေးတာဟာ လက်နက်ချတာ မဟုတ်ပါဘူး။ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်တာမဟုတ်ဘဲ ဆွေးနွေးမှုနဲ့ ဖြေ ရှင်းတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေဟာ ကိုယ့်မူတွေအပေါ်မှာ အကောင်းဆုံးရလဒ်ကို ရှာကြတာပါပဲ။
ကျနော် အေဘီအက်စ်ဒီအက်ဖ်မှာ တာဝန်ယူစဉ်ကလဲ ဗိုလ်ချုပ်မြ တာဝန်ပေးလို့ သက်ဆိုင်ရာ အစိုးရ န၀တ၊ နအဖ အ ဆက်ဆက်နဲ့ မကြာခဏ စေ့စပ်တာ၊ စကားပြောတာတွေ လုပ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ချင်းမိုင်မှာ သုံးလေးကြိမ် ဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၁ လောက်မှာ
ပထမဆုံးအကြိမ် ကေအင်ယူ ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မောင်မောင်၊ ကေအန်ပီပီက ဥက္ကဋ္ဌ ထဲဖူးဖဲလ်၊ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ရွှေကျင်ရယ်၊ ကျနော်ရယ် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူတချို့ကို သဘောတူထားခဲ့ကြပါတယ်။
အနှစ်သာရကတော့ ကိုယ့်ပါတီအဖွဲ့စည်းတွေရဲ့ ရပ်တည်ခွင့်၊ နယ်မြေအုပ်ချုပ်ခွင့်တွေအပေါ်မှာ အာဏာပိုင်နဲ့ ဒေသဖွံ့ ဖြိုးရေးနဲ့ လူထုအကျိုးကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကိုလက်တွေ ကျင့်သုံးနိုင်ရင် ယုံကြည်မှုရပြီး အနာဂတ် မှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုရရှိစေမှာ ဖြစ်တယ်။
ဦးသိန်းစိန် အစိုးအရအနေနဲ့ ဘယ်လို ဖိတ်ခေါ်မှုတွေ၊ ဆောင်ရွက်မှုတွေကို ဆိုလိုတာလဲ။ ရှင်းပြနိုင်မလား
နိုင်ငံသားတွေအားလုံးဟာ ကန့်သတ်မှုမရှိဘဲ အချိန်မရွေး ပြန်လာခွင့်၊ သူတို့အလုပ်ကိုင်တွေ နိုင်ငံခြားမှာ သွားရောက် လုပ်ကိုင်ကြမယ်ဆိုရင်လည်း အချိန်မရွေးပြန်လည် သွားရောက်လုပ်ကိုင်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူဝန်မှုကြီးကြပ်ရေးက အကျင့်ပျက်ခြစားဝန်ထမ်းတွေရဲ့ မသမာမှုတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေး ဖို့ ဖြစ်ပါတယ်။ အစိုးရကို နာမည်ပျက်စေတဲ့ အထဲမှာလဲ လူဝန်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့ မသမာမှုကလဲ အကြီးမား ဆုံးအချက်ကြီးတခု ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့အခွန်ငွေတွေ ဆုံးရှုံးပြီး တိုင်းပြည်ကို နစ်နာနေပါတယ်။
တချို့သော ကျနော်တို့ မိတ်ဆွေတွေ မြန်မာသံရုံးတွေမှာ ဗီဇာသွားလျောက်တာတွေ ရှိတယ်။
ဒါက သူတို့မဖိတ်ခေါ်ခင် ကာလကတည်းကပါ။ တချို့တွေက နိုင်ငံသားမဖြစ်ဘဲ၊ သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပေး ထားတဲ့ ခရီးသွားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့သူတွေ ရှိတယ်။သူတို့ဟာ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရာ နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခဲ့ရသူတွေ၊ နိုင်ငံသားဖြစ်လာသူတွေ ရှိတယ်။ တချို့ကလဲ နယ်စပ်တွေမှာ တရားမ၀င် နေထိုင် နေရသူတွေ ဖြစ်ပါတယ်။
အစိုးရက အပေါ်ပိုင်းမှာ ပြောင်းလဲလိုတဲ့ ဆန္ဒတွေရှိပေမဲ့ အောက်ခြေအထိ ညွှန်ကြားချက်တွေ ရောက်သေးပုံမရဘူး။ ဒီ တော့ သံရုံးတွေက အခွန်ဆောင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ ဥပမာ ဂျပန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ တယောက်က ယာ ယီခရီးသွားလက်မှတ် ကိုင်ထားရသူ ဖြစ်တယ်။ သူ့ကိုအခွန် ငွေဒေါ်လာ နှစ်သောင်းခွဲကျော် ဆောင်ခိုင်းပါတယ်။ သိတဲ့ အတိုင်းပဲ နိုင်ငံတကာရောက်နေတဲ့ သူတွေဟာ ဒီလောက် မချမ်းသာကြပါဘူး။ အစိုးရက အခွန် ငွေ ၂ ရာခိုင်နှုန်းပဲ ဆောင်ရမယ်လို့ အမိန့်ထုတ်ပြန်ပေးပေမဲ့ အောက်ခြေက ဗီဇာသွားလျောက်ကို နည်းမျိုးစုံနဲ့ ကြန့်ကြာအောင် လုပ်နေကြ တုံး ဖြစ်ပါတယ်။ ကျနော်မိတ်ဆွေတယောက်က အမေရိကန်နိုင်ငံသားပါ ဗီဇာသွားလျောက်တော့ ဒေါ်လာ ၃၀၀ ထပ် တောင်းတာ ခံရတယ်။ နေပြည်တော်ကို တင်ထားဆိုပြီး အချိန်ဆွဲထားတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေက ခွင့်ရခိုက်လေးလုပြီး မြန်မာပြည်ကိုပြန်ကြဖို့ ကြိုးစားရသူတွေပါ။ အချိန်ဆွဲနေတဲ့ အခါမှာ အခက်ကြုံပြီး ဘန်ကောက်တင်ပဲ လှည့်ပြန်လာခဲ့ရတယ်။ ဒီတော့ တိုင်းပြည်က သူဆီကငွေကို မရလိုက်ဘူးပေါ့။ သူမြန်မာပြည်ရောက်ရင် သူသုံးမယ်စွဲမယ်။ ဒါဆို စီးပွားရေးကိုတဖက်တလမ်းက တိုးတက်စေနိုင်တာပဲ မဟုတ်လား။
သူက ထိုင်းမှာပဲ သုံးစွဲသွားတော့ ထိုင်းနိုင်ငံရဲ့ ၀င်ငွေပဲ တိုးတက်သွားတာပေါ့။
ဝန်ထမ်းတိုင်း ဆိုးနေတယ်လို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုဟာ ခြစားမှုတွေနဲ့ ပျက်စီးနေကြပါတယ်။ ဒါတွေကို ပြုပြင်ဖို့ အရေးယူဖို့ လိုပါတယ်။
နောက်တခုက ကျနော် မိတ်ဆွေမြန်မာနှစ်ဦးကို မေးကြည့်တယ်။ ပြန်မလားပေါ့။ သူတို့ပြောတာက မြန်မာပြည်မှာ ကြက် သားဟင်းနဲ့ ထမင်းစားနိုင်ဖို့၊ နက်စ်ကော်ဖီ သောက်နိုင်ဖို့ မလွယ်ဘူးတဲ့။ မပြန်ရဲသေးဘူးတဲ့။
သူတို့ ဒီမှာအထိုက်အလျောက် လုပ်ကိုင်စားသောက်လို့ ရနေပေမဲ့ မြန်မာပြည်ထဲ ပြန်သွားတဲ့အခါမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဒီမှာလို ရနိုင်မလားဆိုတာ မေးခွန်းရှိပါတယ်။ သူတို့က ဒီလိုအခြေအနေတွေကို စွန့်လွှတ်ပြီး ပြန်ချင် ကြပေမဲ့ အခွန်ဆောင်ခိုင်းတာမျိုးတွေလို ရှိနေတော့ ပြန်နိုင်ဖို့ခက်တယ်။
နောက်တခုက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေရတဲ့ ဒီမိုကရေစီအင်အားစုများ ဖြစ်ပါတယ်။သူတို့မှာ ဘာမှအထောက် ထားတွေ မရှိတော့ပါဘူး။
နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။
သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။
နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ ကိုယ့်အလုပ် ကိုယ်ရှုပ်ဆိုတော့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စာရင်းကြီးကို ဘယ်သူကမှ ခေါင်းထဲမှာ မှတ်မထားနိုင်ဘူး။
နိုင်ငံသားတွေရဲ့ အချက်အလက်တွေသိထားလို့ နိုင်ငံတော်လုံခြုံရေးကို တကယ်မကာကွယ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ ကျနော်ဆိုရင် ကျနော်အဖေမှာ ညီမတယောက်၊ အကိုတယောက်ရှိတယ်။ ကျနော် အဖေက ဖျာပုံ ကပါ။ အဒေါ်နာမည်ကလွဲလို့ ဦးလေးနာမည်ကိုတောင် ကျနော် မမှတ်မိတော့ဘူး။ သူတို့သားသမီးတွေ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲ ကျနော် မသိတော့ဘူး။ ကျနော့် မိဘတွေအိမ်ဟာ ဖျက်သိမ်းတဲ့ထဲ ပါသွားတယ်။ ဒီအိမ်မှာ ကျနော် ကြီး ပြင်းခဲ့တယ်။ ကျနော်ပြန်သွားရင် အိမ်မရှိတော့ဘူး။ အဖျက်ခံရတဲ့နေရာက မြေကွက်လပ်ကြီး ဖြစ်နေတယ်။ တခါတလေ ကျနော် ဂူဂဲလ်ကနေ ကျနော်တို့အိမ် မြေကွက်လပ်ကြီးကို ကြည့်ဖြစ်ပါတယ်။
ကျနော့် အမေပဲ ရှိတော့တယ်။ အမေ့လိပ်စာကို ကျနော်မသိဘူး။ ထောက်လှမ်းရေးကို ပြန်မေးရမလို ဖြစ်နေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျနော့် တူလေးတယောက်ရှိတယ်။ ကျနော့်လိုပဲ အေဘီအက်စ်ဒီအက်ဖ်မှာ အမှုထမ်းခဲ့တယ်။ တော ထဲမှာ သူငှက်ဖျားပို ခေါင်းထဲဝင်ပြီး သူဟာ ရူးသွားတယ်။ ဘန်ကောက်မှာ ဆေးကုနေတုံး ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေးတွေရဲ့အဖမ်းကိုခံရတယ်။ မြန်မာပြည်ကို ပြန်ပို့တယ်။ နှိပ်စက်ညှဉ်းပန်းပြီး သေခါနီးမှာ အမေ နေနေတဲ့ အိမ်ရှေ့မှာ လာချသွားတယ်။ တလလောက်အကြာမှာ သူဆုံးသွားတယ်။ ၂၀၀၂ ခုနှစ်လောက်ကပါ။
ဒီတော့ ကျနော့် အမေလိပ်စာသစ်ကို သူတို့ သိမယ်။
11 comments :
မင်းကတော့ဘယ်မှာပြန်ချင်မလဲကွမိုးသီးဇွန်ရပြည်ပမှာမင်းကအနေချောင်တာကိုနိုင်ငံပြောင်းလဲနေလည်းမကောင်းဘူးလို့အော်နေမှာပဲဒါကမင်းအလုပ်ပဲကို
ဖောင်တော်သီ
Nobody can say definitely Burma is genuinely on the right track to democracy. Anything can happen at this time. If I go back and working inside Burma, who can guarantee of my safety. I can be arrested at any time. I don't want to sacrifice my life any more. It's enough for me. Compare to the life from Burma, life is very easy here and I'm enjoying.
People inside Burma has no international experience and ignorant to politic. The time when Burma is flourish with democracy comes, I'll go back and do politic. At that time Burma will need the one who has experience and knowledge, like me. I've been living exile for so many years and gaining a lot of knowledge. I can do politic without worrying at that time.
I've already sacrificed, this time people from Burma should take their turn for getting democracy. I'm waiting.
by
ထောင်အကျခံကြ အငတ်ခံကြ ပြည်သူနဲ့ တသားတည်းနေပြီး အနစ်နာခံကြတဲ့ လူတွေ မျက်နှာမှမထောက် ကြက်သားဟင်းနဲ့ နက်စ်ကော်ဖီ သောက်ရဖို့ မလွယ်လို့ မပြန်သေးဘူးဆိုပဲ။ ရှက်ဖို့တောင်ကောင်းပါတယ်ဗျာ။ အဲဒီလို စိတ်နဲ့ကတော့ ပြန်မလာလည်း တိုင်းပြည်အတွက် မလွမ်းလောက်ပါဘူး။ တိုင်းပြည်မှာ အရေးကြီးတဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ ကြိုးပမ်းနေတုန်းမှာ visa form ကို update လုပ်ဖို့ ထောက်ပြမနေပါနဲ့ဦးဗျာ။ တကယ်တမ်း ပြည်တွင်းက ၈၈ တွေလို အနစ်နာခံမယ်ဆို ဘယ်လိုဖိတ်မှ ဘာအခြေအနေ ဖန်တီးပေးမှဆိုပြီး terms & condition တွေ ထုတ်မနေပါနဲ့တော့။ နောက်မကျခင် ပြည်တော်ဝင်ပြလိုက်စမ်းပါ။
ထောက်လှမ်းရေးက ခင်ဗျားတို့ ABSDF (မြောက်ပိုင်း) ထက်တော့သာပါတယ်ဗျာ..ကိုမိုးသီးရာ.. ခင်ဗျားတို့လို အချင်းချင်းမုဒိမ်းကျင့်ပြီး မျိုးစုံနှိပ်စက်ပြီးတော့မသတ်ပါဘူး။ အိမ်ရှေ့တောင်လာချပေးသေးတယ်။ ဒါနဲ့ခင်ဗျားတို့ ABSDF ဆိုတာရဲ့ Full Name က Al-Qaeda Burma Student Democratic Front လား။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ABSDF (မြောက်ပိုင်း)ကကောင်တွေက အယ်ကိုင်ဒါနဲ့နင်လားငါလားပဲ။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ချက်ကို DHS ကိုပြန်သွင်းပါလို့ အီးမေးလ်ပို့ရမလိုဖြစ်နေတယ်။
You should go after your nephew to ask your mom's address. all people in myanmar including your mom will happy if you try to meet your nephew as soon as possible.
Every one need their safety and freedom. With a doubtful situation,who would like to go back?
Especially, the ones who sacrificed and dare to up grate their lives. They had come a long long way. Mankind live only once.
hey , i think your mother house moved to 16/3 ward , Thingangyun , it is not so far from your old place.Then, your sister also living at Thingangyun township neard Thingangyun market .Her husband's business is photo lab .Where is she now ?
Then , where is your brother Ko Aung Than & your nephew Ko Ko Soe , who are living at Japan ?Your old place is replace with Shwe Yar Khin firm field because that ward did not have legal housing grant .Last time , we called "Mee Gyaung Gan".Government demolished that ward not because of you , since it is not a legal plot to stay people.That's why , military government force to move somewhere else like Shwe Phyi Thar & Hlaing Thar Yar new town plots after coup at 88.
If Moe Thee June comes back, jail him for 12o years.
တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။
Post a Comment