သိုးမဲများနှင့် ရင်ဆိုင်ခြင်းမှ
မိစ္ဆာတမန်ရဲ့
ရိုင်းပြခြင်းက ကြမ်းရှရှပေါ့၊
ရိုက်စမ်းပါ
ရိုက်စမ်းပါ ရိုက်လိုက်စမ်းပါ၊
ငါ၏ဦးခေါင်း
ကွဲကြေ၊
သို့ဖြစ်ငြားလည်း
အရှုံးမပေး ဒို့မကြောက် ဒူးမထောက်ပါ။
ကြည့်စမ်းပါ ကြည့်စမ်းပါ
ကြည့်လိုက်စမ်းပါ ငါကိုယ်အရှင်ရဲ့သွေးတွေ…သွေး.. သွေး… သွေး၊
ခွပ်ဒေါင်း
သခင်ရဲ့ သွေးတွေ တဝေါဝေါကျ ကမ္ဘာမြေပေါ်
စီးဆင်းသွား
သြဇာမြေဆီဖြစ်စေလို့
ပန်းမျိုးတရာ
ဝေဆာစေဖို့ပ။
၂၀၁၁ စက်တင်ဘာ (၂၃) အမှတ်တရ ဖွဲ့ကျူးခြင်း
သွေးမှ ရေးသော D ကဗျာ
သွေးချင်းညီပါ့
ရဲဘော် မြတ် ရေ၊ မိုင်ရှည် ဆင်နွယ် D တိုက်ပွဲလယ်၊
လူသားအခွင့်အရေး
မရသေး၍၊ မနုသ ဂုဏ်ထယ်သိမ်ငယ်နေခိုက်၊
ခြေခံ စားကုန်
မပြည့်စုံကြောင်း၊ ပြည်သူ့ဘဝ ဝမ်းမဝဘဲ၊
နှိပ်ကွပ်သမျှ
ဒဏ်ခံရကာ၊ လူထုနှလုံး ငြိုးခြုံးဤချိန် သစ္စာတရား ရင်ဝယ်ထားပြီး
သတ္တိရှိရှိ ဇွဲရှိရှိဖြင့်
သိက္ခာကိုယ်ကျင့် စွမ်းကုန်မြှင့်ရန်
ပြည်သူ့အရေး လူ့အခွင့်အရေးကို
သွေးဖြင့်ရေးကာ တောင်းဆိုပါသည်၊
ရဲဘော် မြတ် အား
သက်သေတည်။
ကိုစိုးသီဟ
(ယခု မြောင်းမြအကျဉ်းထောင်)
No comments :
Post a Comment