
ရှစ်လေးလုံး လူထုဆန္ဒပြပွဲကြီးဖြစ်တုန်းက ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ထင်ရှားခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ မြန်မာအ စိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင် မင်းနဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့တယ်။
အမေရိကန်မှာ နေထိုင်နေတဲ့ ကိုမိုးသီးဇွန်တို့ မြန်မာပြည် ပြန်မယ်ဆိုရင် ဘယ်လိုအနေအထားတွေ ရှိမလဲဆိုတာကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ ကိုမိုးသီးဇွန်က ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် ကိုမိုးသီးဇွန်တို့ကို အစိုးရအနေနဲ့ တရားဝင်ခေါ်တာမျိုးတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
အစိုးရက ဖွင့်ပေးတယ်ဆိုရင် ကျနော်တို့က ပြန်သွားမှာပါ။ ပြန်လုပ်မှာပါ” လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို မဏာမအနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြည်ပရောက် မြန်မာ အတိုက်အခံတွေက အစိုးရကို အယုံအကြည်မှရိသေးဘူးဆိုတဲ့ အကြောင်းကိုလည်း ဦးအောင်မင်း ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကိုမိုးသီးဇွန်ပြောတဲ့အခြေအနေတွေကို ဦးအောင်မင်းက သမ္မတကြီးဆီကို တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ကိုမိုးသီးဇွန် က ပြန်ပြောပြပါတယ်။ (ဘီဘီစီ)
3 comments :
The title should change to "Crazy guy meet with stupid minister"
ဟိုမှာတသုတ်လွှတ်လိုက်တော့ ထောင်ထဲမှာ လူလိုနေတယ် ကိုမိုးသီး။ ပြန်သွားပြီး နိုင်ငံတော် အစိုးရကို အားပေးလိုက်ပါဦး...ခင်ဗျား ဦးသိန်းစိန်ကို လှုထားတဲ့ ဖိနပ် တစ်ရံ မျက်နှာနဲ့ဆိုတော့ ဘာမှ မလုပ်လောက်ပါဘူး..
He is nothing but power crazy dude. Ko M Soe, open your eye.
Post a Comment