Saturday, 4 February 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့် တောမတ်အိုဟေးကင်တားနားတွေ့ ဆုံ

kokogyi
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့်ကင်တားနားတွေ့ ဆုံ၊ ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၂၊ရန်ကုန်


၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ နှင့်မြန်မာနိုင်ငံဆိုင်ရာလူ့ အခွင့်အရေးအထူးကိုယ်စားလှယ်

တောမတ်အိုဟေးကင်တားနားတို့ တွေ့ ဆုံကြရာတွင်ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးကမြန်မာ့

အရေးကိုကြိုးစားလုပ်ဆောင်မှုနှင့်ပါတ်သက်ပြီးကျေးဇူးတင်ကြောင်းပြောကြားသည်ဟုသိရပါသည်။

လူ့ အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာကင်တားနားမှလည်း၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ဖြတ်

သန်းအနစ်နာခံမှုများကိုလေးစားအသိအမှတ်ပြုပါသည်ဟုပြန်လည်ပြောကြားကြောင်းသိရပါသည်။

ကိုကိုကြီးဖက်မှတင်ပြရာတွင် နိုင်ငံအတွင်းလူသားအရင်းအမြစ်ရှားပါးတဲ့အခါမှာ အထူးသဖြင့်နိုင်ငံရေး

နယ်ပယ်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေထောင်တွေထဲမှာ

ကျန်နေသေးတဲ့ကိစ္စ၊ပြည်ပရောက်မြန်မာ့နိုင်ငံရေးလှုပ်ရှားတက်ကြွတွေသိက္ခာရှိရှိနဲ့ အာမခံချက်အပါ

အ၀င်အမိမြန်မာနိုင်ငံကိုပြန်လာနိုင်ရေးတို့ ပါဝင်သည်ဟုသိရပါသည်။

လက်ရှိအပြောင်းအလဲနှင့်ပါတ်သက်ပြီးနိုင်ငံတော်သမ္မတ`၏ကောင်းမွန်သောအုပ်ချုပ်မှု၊သန့် ရှင်း

သောအုပ်ချုပ်ရေးစနစ်တို့ ကိုကြိုဆိုကြောင်း၊လက်တွေ့ အနေအထားအရ အောက်ခြေလူထုအထိ

အကျိုးသက်ရောက်မှုရှိအောင်ပူးပေါင်းဆောင်ရွက်လိုတာတွေလည်းကိုကိုကြီးကပြောခဲ့ပါသည်။

အခုလိုပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်းဌာနဆိုင်ရာအဖွဲ့ အစည်းများအနေနဲ့ စိုးရိမ်ကြောင့်

ကျမှုမရှိစေဖို့ လည်းမျှော်လင့်ကြောင်းမစ္စတာကင်တားနားကိုပြောခဲ့သည်ဟုသိရပါသည်။

ကိုးကား။  ဘီဘီစီ(မြန်မာပိုင်း)

No comments :