၆၊၂၊၂၀၁၂
ဒီကနေ့မနက်အလုပ်ဝင်ချိန်(၇) နာရီမှာ လှိုင်သာယာစက်မှုဇုံ (၃) က တရုတ်အမျိုးသားပိုင် တိုင်ယီ ဖိနပ်စက်ရုံက အလုပ် သမား၂၅၀၀ ကျော်ဟာ ဇန်န၀ါရီလအတွက်ပေးရမယ့် လုပ်ခလစာတွေ ဖြတ်တောက် ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင်မ၀င်ဘဲ ဆန္ဒပြနေကြပါတယ်။ လစာဖြတ်တောက်ခံရတဲ့ အကြောင်းကတော့ ဇန်န၀ါရီလမှာ အလုပ်ပိတ်ရက် များ တာကြောင့်လို့ စက်ရုံပိုင်ရှင်ဘက်က ပြောပါတယ်။ Read more...
ဇန်န၀ါရီလမှာ တရားဝင်အလုပ်ပိတ်ရက် လွတ်လပ်ရေးနေ့အပါအ၀င် ၅ ရက်ဖြစ်ပြီး စက်ရုံပိုင်ရှင်က တရုတ်ရိုးရာနှစ် သစ်ကူးဖြစ်လို့ အလုပ် ၅ ရက်ပိတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေအရ စက်ရုံပိုင်ရှင်ဘက် ပိတ်တဲ့ပိတ်ရက်ကို အလုပ်သမားတွေရဲ့ အလုပ်ပျက်ရက်အဖြစ် သတ်မှတ်ထားခြင်းမရှိတာကြောင့် အခုလိုလုပ်ခဖြတ် တောက်မှုဟာ ဥပဒေအရတရားမ၀င်ပါဘူး။
တိုင်ယီ စက်ရုံဟာ အလုပ်ချိန်အနေနဲ့ မနက် ၇ နာရီ ကနေ့လည် ၁၂၊ နေ့လည် ၁၂ နာရီ ၅၀ မိနစ်က ညနေ-၅ နာရီထိ အလုပ်ချိန် သတ်မှတ်ထားပါတယ်။ အချိန်ပိုဆင်းချိန်ကို ညနေ ၅ နာရီ ၂၅ မိနစ်က ည ၉ နာရီထိ လုပ်ရပြီး ည-၇ နာရီထိ လုပ်ရမယ့်ရက်တွေမှာ နေ့လည်-၁၂ နာရီ ၅၀ မိနစ်က ည ၇ နာရီထိ နားချိန်မပေးဘဲ အလုပ်သမားတွေကို ခိုင်းစေလျက် ရှိပါတယ်။ အချိန်ပိုအတွက် မုန့်ဘိုး ၁၃၀ ကျပ်ပေးပြီး အစားအစာကျွေးမွေးခြင်း မရှိပါဘူး။ မုန့်ဘိုး ၁၃၀ ကျပ်ဟာ လဘက်ရည်တခွက် ၀ယ်သောက်လို့မရပါဘူး။
No comments :
Post a Comment