Thursday, 16 February 2012
ဦးအောင်သောင်း နဲ့  စတီဗင်လော ဟာ ကိုအရေးယူပေးဖို့ လိုပြီ။ သမတဦးသိန်းစိန်နဲ့ဦးရွှေမန်းတို့  ကိုဝိုင်းရံပေးကြပါ။
ဦးအောင်သောင်းနဲ့  စတီဗင်လော ဟာ ဒီနေ့ ပြသနာတွေ အားလုံး မှာ အဓိက တာဝန်ရှိသူဖြစ်ပါတယ်။ ဦးအောင်သောင်း ဟာ ငြိမ်းချမ်းရေး သမားအရောင်ဆောင်ပြီး၊ ဒေါ်စု စည်းရုံးရေးခရီးစဉ် ကို ဖျက်လိုဖျက်ဆီးလုပ်နေတယ်။ ရွှေည၀ါဆရာတော်ကြီး ကို ဒုက`ခ ပေးနေတယ်။ တိုင်ယီအလုပ်သမား သပိတ်မှောက်မှု မှာလဲ စတီဗင်လောနဲ့ အောင်သောင်းတို့   က ပတ်သက်နေပြန်တယ်။
 သူတို့  ခေါ်လာတဲ့ တရုပ်စက်ရုံတွေ၊ တရုတ်အလုပ်ရှင်က အလုပ်သမားတွေအတွက် လခ ကို သင့်တော်တဲ့နှုန်းထားပေးထားပေမဲ့ အောင်သောင်းက ဖြတ်ယူထားတယ်လို့ သိရပါတယ်။  
ဦးသိန်းစိန် နဲ့ ဦးရွှေမန်းတို့  က တိုင်းပြည်ကောင်းကျိုးကို အစွမ်းကုန်ကြိုးပန်းဆောင်ရွက်နေသလောက် ဦးအောင်သောင်း ရဲ့  တိုင်းပြည်ကို ဖျက်ဆီး၊ 
ကိုယ်ကျိုး ရှာနေတဲ့ လုပ်ရပ်တွေက အခုအခါမှာ ပိုပြီးထင်ရှားလာတာကိုတွေ့ ရပါတယ်။ 
သံဃာတွေ၊ ပြည်သူတွေအနေနဲ့  ဦးသိန်းစိန်  အစိုးရအဖွဲ့   ကို ဆန်ကျင် တိုက်ခိုက်မှုတွေလုပ်မဲ့ အစား ဦးအောင်သောင်း ကိုကြံဖွတ် အဖွဲ့ကနေ အမြန်ဆုံးထုတ်ပယ်ပေး
ဖို့    အရေးဆိုသင့်တယ်။  တောင်းဆိုတိုက်ပွဲဝင်သင့်ပါတယ်။
  ဒီနေ့   ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ  ရန်သူမိတ်ဆွေ ခွဲခြားသိနိင်ဖို့ လိုပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဦးရွှေမန်း ၊ တိုင်းရင်းသားအင်အားစုများ၊ ၈၈မျိုးဆက်များ၊ တိုင်းကျိုးပြည်ကျိုးပြုလိုတဲ့  စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး ဦးအောင်သောင်း နဲ့  စတီဗင်လောတို့ လို ခရိုနီတွေကို ဖယ်ရှားလိုက်နိင်ရင်တော့ မြန်မာ့ ဒီမိုကရေစီအရေးဟာ
အောင်ပန်းနဲ့  မဝေးတော့ဘူးလို့  ဆိုရပါလိမ့်မယ်။
No comments :