Thursday, 9 February 2012

ကိုဝင်းမော် ရဲ့ ဂီတ ပွဲ

ကိုဝင်းမော်ကိုသူ၏ဂီတရဲဘော် များက ကြိုဆိုပွဲ ယနေ့(၉.၂.၂၀၁၂)ကရန်ကုန်မြို့အင်းယားလမ်းရှိ စိမ်း လန်းစိုပြေ တွင်ပြီးခဲ့သည့်လက နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း သာခွင့်အမိန့်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်လာခဲ့သော ဂီတမှူးကိုဝင်းမော် (ရွှေသံစဉ်) အားသူ၏ ဂီတရဲဘော်ရဲဘက်၊ဂီတ မောင်နှမတစ်စုတို့က ဂုဏ်ပြုကြိုဆိုတွေ့ဆုံပွဲကို လှိုက်လှဲနွေးထွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုဂုဏ်ပြုကြိုဆိုပွဲသို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဒေါက်တာ ဦးကျော်သူ၊စာရေးဆရာမသန်းမြင့်အောင်၊ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)၊ရွှေသံစဉ်တေးဂီတ၀ိုင်းတော်သား များဖြစ်ကြသည့် ကျော်မင်း(Guitar)၊ခြင်ကြီး(ခ)မြင့်ဇော်ဦး(Bass)၊ ဖဦးထုပ်(Drums)၊နိုင်ဇော်(LazyClub)၊တေးသံရှင် ခိုင်မြဲသာ(Keyboard)၊ တေးသံရှင်များဖြစ်ကြသည့် အနဂ္ဂ၊သံသာဝင်း၊ကော်နီ၊ခင်ဘုဏ်း၊ ဆောင်းဦးလှိုင်၊ကာကာ၊အင်္ဂလန်နိုင်ငံမှခေတ္တရောက်ရှိလာသော ကိုထိန်လင်းနှင့် ယခင်မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံအမတ် ဟောင်း ဗစ်ကီဘိုးမန်း၊ကိုဇော်သက်ထွေးနှင့်မမေဇော်၊ကိုမျိုးကြီးနှင့် သူ၏ဇနီး အင်္ဂလန်နိုင်ငံသူ သဇင်(ခ)ချစ်ချစ်၊၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုကိုကြီး တို့ဦးဆောင်သော ကျောင်းသားခေါင်းဆောင်များ၊စည်သူမောင်၊ဒီငြိမ်းလင်းနှင့်ဗ.က.သ ကျောင်းသားလူငယ်များ၊APF News နှင့်မြန်မာ့သတင်းသမဂ္ဂ(BMA) တို့ပူပေါင်းပေးအပ်ခြင်းခံရသည့် ဂန်ဂျီနာဂါအိဆုကို ကိုဝင်းမော်နှင့် ပူတွဲရရှိခဲ့သူ မလှလှဝင်း(၂၀၀၇ DVB သတင်းထောက်)၊လယ်သမား ရေးဦးဆောင်လှုပ်ရှားသူ မစုစုနွေး တို့တတ်ရောက်ကြပါသည်။ ထူးခြားသောအစီအစဉ်အဖြစ် ကိုဝင်းမော်အတွက်ဂီတအနုပညာရှင် တို့ကသီချင်းမဆိုပဲအမှတ်တရဂုဏ်ပြုစကားများ ပြောကြားပေးခဲ့ကြ ပြီးလွတ်မြောက်နိုင်ငံရေးအကျဉ်းသားများက သီချင်းများသီဆိုဖျော် ဖြေခဲ့ကြခြင်းဖြစ်ပါသည်။ ဂျာနယ်အသီးသီးမှသတင်းထောက်များ၊ပြည်ပသတင်းဌာနများမှ သတင်းထောက်များကိုလည်းဖိတ်ကြားထားခဲ့ပါသည်။ယခု တွေ့ဆုံ ပွဲကို ယခင်ရွှေသံစဉ်တေးဂီတအဖွဲ့ ပင်တိုင်တေးသံရှင်တစ်ဦးဖြစ် သော မေမီ၏မောင်ကိုမျိုးနှင့် ရွှေသံစဉ်ပင်တိုင်ဆိုတီးအဖွဲ့သားများ က ကိုဝင်းမော်ကိုဂုဏ်ပြုသည့်နေနှင့် စီစဉ်ပေးခြင်းဖြစ်ပါသည်။ By: Shwe Thanzin

No comments :