ထိုင်းမြန်မာ နယ်စပ် ဒုကသည် စခန်းတခုဖြစ်တဲ့ အုန်းဖျန် စခန်း မီးလောင်နေတယ်လို့ သိရပါတယ်။ စခန်းမှာ လူဦးရေ ၃ သောင်းခန့် ရှိတယ်။ အိမ်ခြေ ၄ ထောင်ခန့် ရှိတယ်။ အခု လောင်နေတာက ရပ်ကွက် ၆၊၇၊၈၊ ၉ ရပ်ကွက်များလို့ သိရတယ်။
အိမ်တွေ အများစုဟာ ၀ါး၊ ဓနိ အိမ်များဖြစ်တယ်။ တအိမ်နဲ့ တအိမ် ပြွတ်သိပ်ကြပ်နေကြတယ်။
မဲဆောက်မြို့ တောင်ဖက်ကီလို ၈၀ ခန့် အဝေးမှာ တည်ရှိတယ်။ စခန်းတည်ရှိနေတာကို ထိုင်း-မြန်မာ အစိုးရများ မလိုလားပါ။ ကုသလမဂ ထောက်ပံမှုနဲ့ စခန်းအသက်ဆက်နေခြင်းဖြစ်တယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို မသိသေးပါ။
No comments :
Post a Comment