Friday 16 March 2012

ATK အထည်ချုပ်စက်ရုံ ဖယ်ရီကားမှောက်

ဒညင်းကုန်းမြို့နယ်က ATK အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို အကြိုအပို့လုပ်တဲ့ကားတစီး ၁၅ ရက်နေ့ည ၉ နာရီအချိန် အလုပ်ဆင်းချိန်အပြန်လိုက်ပို့ရင်း မင်္ဂလာဒုံပန်ခြံအကျော်မှာ တိမ်းမှောက်ခဲ့တယ်လို့ သိရှိရပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ အလုပ်သမား ၄ ဦး သေဆုံးသွားပြီး၊ ဒီကနေ့ မနက်ထိ အင်းစိန် ဆေးရုံမှာ နောက်ထပ် အလုပ်သမား ၃ ဦး ထပ်မံ သေဆုံးတယ်၊ သေဆုံသူ အလုပ်တွေထဲမှာ ကိုယ်ဝန် ၄ လနဲ့ အမျိုးသမီးတဦးလည်း ပါဝင် တယ်လို့ ရန်ကုန်မြို့ရှိ လွတ်လပ်သော အလုပ်သမားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီက အတည်ပြုပြောကြားခဲ့ပါတယ်။

No comments :