Friday 2 March 2012

ကြံ့ဖွတ် လောင်း အကြံအဖန် စလုပ်နေပြီ

 ကြံ့ဖွတ်  အမတ်လောင်း မျိုးရိုးလိုက် နေပြီ



by Myanmar Mediamm on Friday, March 2, 2012 at 2:56pm ·
ဖြိုးကိုကိုတင့်ဆန်း

မကြာမီကာလတွင်ပြုလုပ်တော့ မည့်ကြားဖြတ်ရွေကောက်ပွဲတွင် မြောင်းမြမြို့ နယ် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် အရွေ.ချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြိုးကိုကိုတင့်ဆန်းသည် ကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်တင်သွင်းသည့်အခါတွင် ၎င်း ၏ မိခင်အရင်းအမည်မှန်ကို ချန်လှပ်ထားပြီး ဖခင်ဖြစ်သူ(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) ဦးတင့်ဆန်း၏ယခုလက်ရှိပေါင်းသင်းနေသည့်ဒုတိယမြောက်ဇနီး ဒေါ်ဌေးဌေးငြိမ်း အမည်အား ၎င်းမိခင်ဖြစ်သည်ဟုတင်သွင်းထားခဲ့သည်ဟုသိရပါသည်။
ယခု(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး)ဖြစ်နေသူ ဖြိုးကိုကိုတင့်ဆန်း၏ ဖခင် ဦးတင့်ဆန်းသည်  ပထမ အိမ်ထောင်ဖြစ်သော ဒေါ်မာမာအေး(ဘ)ဦးလွင်နှင့် သားသမီးသုံးယောက်ထွန်ကားခဲ့ပါသည်။ထိုးသားသမီးသုံးယောက်မှာ ဖြိုးကိုကိုတင့်ဆန်း ၊ စံကိုကိုတင့်ဆန်း နှင့် မိငြိမ်း တို့ ဖြစ်ကြသည်ဟု၎င်းမိသားစုနှင့်နီးစပ်သူများထံမှသိရပါသည်။ထို့ နောက် ဦးတင့်ဆန်းသည် ဇနီးသည်၏ အိမ်ထောင်ရေးဖောက်ပြန်မှု့ကြောင့် ဇနီးဖြစ်သူဒေါ်မာမာအေးနှင့်ကွာရှင်းခဲ့ပြီး တရပ်ထဲနေသူဖြစ်သည့် ဒေါ်ဌေးဌေးငြိမ်း( ဘ )ဦးကြင်ရှိန် နှင့်ဒုတိယအိမ်ထောင်ပြုခဲ့သည် ။ ဒေါ်ဌေးဌေးငြိမ်းနှင့်ပေါင်းသင်းခဲ့သည့်ကာလတလျှောက်တွင် ယခုချိန်ထိသားသမီးထွန်းကားခဲ့ခြင်းမရှိခဲ့ပေ။
ဖခင်ဖြစ်သူ ဦးတင့်ဆန်း

ထို့နောက် ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည်ပုသိမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ACE ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ထူထောင်ခဲ့ပါသည်။နောက်ပိုင်းတွင် ထို့အချိန်က ဧရာဝတီတိုင်းမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်မြင့်အောင်နှင့် ရင်းနီးမှုရယူခဲ့ပြီး ပုသိမ်မြို့ရှိအားကစားကွင်းများကို ပြင်ဆင်ဆောက်လုပ်ခွင့်ရ ရှိလာခဲ့ပြီး ဦးတင့်ဆန်း ပိုင်ဆိုင်သော ACEဆောက်လုပ်ရေးလုပ်ငန်းမှာလည်း စတင်အောင်မြင်လာပါသည်။ ထို့ နောက် ACE ဆောင်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ ပြီး ရန်ကုန်မြို့ သာကေတ သံလျှင်တံတား အဆင်းအနီးတွင် ACE ဆောက်လုပ်ရေးရုံးချုပ်ကိုတည်ထောင်ခဲံပြန်ပါသည်။ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်းတွင် ဒုတိယဇနီးဖြစ်သော ဒေါ်ဌေးဌေးငြိမ်း၏ အကိုရင်းဖြစ်သော ဒုဗိုလ်မှုးကြီး ကြည်ထွန်း၏ ဆက်သွယ်ပေးမှုဖြင့် ဗိုလ်ချုပ်ခင်ညွှန်နှင့် ထပ်မံရင်းနှီးခွင့်ရကာ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ ခွင့်ရခဲ့ပြန်သည် ။ နောက်ပိုင်းတွင် အခွင့်အရေးကို အမြဲ တမ်းအသုံးချရန်စောင့်စားနေသူ ဦးတင့်ဆန်း(ဟိုတယ်နှင့်ခရီးသွားဝန်ကြီး) သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်ပါရင်းနှီးခဲ့ပြီး နေပြည်တော်ရှိဆောင်လုပ်ရေးများ ကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုချိန်ထိ နေပြည်တော်တွင် ACE ဆောက်လုပ်ရေး လုပ်ငန်းမှ နိုင်ငံတော်အဆောက်အဦး များကိုဆောင်လုပ်နေဆဲဖြစ်သည်။ ACE ဆောက်လုပ်ရေးမှ ဆောက်လုပ်ခဲ့သည် ထင်ရှားသည့်အဆောက်အဦးများမှာ ယခုလွှတ်တော်အဆောက်အအုံ ၊ လမ်းဆုံများရှိ ပန်းအ၀ိုင်းများနှင့် အခြားသောအဆောက်အဦး များစွာတို့ ဖြစ်သည် ။ ဦးတင့်ဆန်းသည် ၀န်ကြီးဖြစ်လာပြီးနောက်ပိုင်းတွင် ACE ဆောက်လုပ်ရေးနှင့် ၎င်းတည်ထောင်ထားခဲ့သော ဘောလုံးအသင်းတို့ အား သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းကို လွှဲပြောင်း လုပ်ကိုစေခဲ့သည် ။ မကြာသေးခင်ကာလမှ ဖြိုးကိုကိုတင့်ဆန်း သည် ဖခင်ဖြစ်သူ၏အရှိအ၀ါ ၊ သုံးမကုန်ဖြုန်းမကုန်ဖြစ်နေသည့် ငွေကြေးစည်းစိမ်များထဲ့မှ အချို့ အား နိုင်ငံတော်သို့  ရက်ရက်ရောရော လှုဒါန်းမှု့များကြောင့် အစိုးရမှ ချီးမြင့်သောဒေါက်တာဘွဲ့ ရရှိခဲ့သည်။ သို့ ပါသော်လည်း ဖြိုးကိုကိုတင့်ဆန်းသည် ဒေါက်တာဘွဲ့ ရရှိစေကာမှု ပညာရေးအနေဖြင့် ဆယ်တန်းအောင်မြင်ရန်အတွက် ငွေကြေးလဘ်ထိုးမှုပြုခဲ့ရသည်ဟုလည်း သိရပါသည်။

ဖြိုးကိုကိုတင့်ဆန်း

ယခုအချိန် ဖြိုးကိုကိုတင့်ဆန်း ၀င်ရောက်အရွေးချယ်ခံမည့်မြောင်းမြ မြို့ နယ် မဲဆန္ဒနယ်တွင် ကြံခိုင်ရေးစည်းရုံးရေးမှုးများမှ မဲဆွယ်ရာတွင်  ကြံ့ခိုင်ရေးပါတီသို့  မဲပေးသူများအား ငွေကျပ်သိန်းစီပေးမည် ဟူ၍လည်းကောင်း အိမ်ယာများဆောက် လုပ်ပေးမည်ဟူ၍လည်းကောင်း ၊ ကျေးရွာအလိုက်မဲအများဆုံးရရှိသည့် ကျေးရွာများကိုဆုငွေများချီးမြင့်သွားမည်ဟုလေသံလွှင့်စည်းရုံးနေသကဲ့သို့  မဲမပေးသူများအား ယခုလက်ရှိကြံ့ခိုင်ရေးပါတီမှ အတိုးနှုန်း ၂ကျပ်နှုန်း ဖြင့် ထုတ်ချေးပေးနေခြင်းအား ဆက်လက်ထုတ်မပေးတော့  ဟူ၍လည်း နောက်ကွယ်မှ တရားမ၀င်သောနည်းလမ်းများဖြင့် စည်းရုံးနေသည်ဟုလည်းသိရပါသည်။

3 comments :

Anonymous said...

မျိုးရိုးကလဲမသန့် အကျင့်စာရိတ္တကလဲမကောင်း ကြံ့ဖွတ်ပါတီကလေ၊ သူ့အမေအရင်းက သူ့အဖေရဲ့ မယားငယ်လောက်တောင် အပြမကောင်းလို့ ဖြစ်နိုင်တယ်။
အမေအရင်းက မိန်းမကောင်းဆိုရင်တော့ ဒီလိုကောင်တွေ သူ့နံမည်မသုံးလို့ ဝမ်းတောင်သာဦးမယ်။

Anonymous said...

ရုပ်တွေကကြည့်ပါလား။ကလေကချေ၊ဖါခေါင်းရုပ်တွေနဲ့များတိုင်းပြည်ဖျက်ဆိးမဲ့ကောင်တွေ။ဟွန်းးးးးးးးးး
ထွီ..ထွီ ..ထွီ..

Anonymous said...

မြောင်းမြက ကြားတဲ့ သတင်းတခုအရတော့ အဲဒီဖြိုးကိုကိုတင့်ဆန်းက NLD က အမတ်နဲ့  အပြိုင်အရွေးခံဖို့  မဲဆန္ဒနယ်မြေထဲမှာ ရှိတဲ့  အိမ်တအိမ်မှာ သန်းခေါင်စာရင်းဝင်ဖို့ ၇လမ်းထဲမှာနေတဲ့ အိမ်ရှင်တယောက်ကို သိန်း၅၀ပေးပြီး သန်းခေါင်စာရင်းထည့်ထားတယ်လို့  သိရပါတယ်.