Wednesday 14 March 2012

ကိုကိုကြီး ( ၂၈-၈-၈၈)

ဗကသ ဖြစ်မြောက်ရေးညီလာခံမှာ ကိုကိုကြီးတရားဟောနေတဲ့ပုံပါ။ ဒီညီလာခံကို သမဂအဆောက်ဦးဟောင်းမှာကျင်းပခဲ့တယ်။ ကျောင်းသားကျောင်းသူ ၂သောင်းခန့် တက်ရောက်တယ်။ သံတမန် တွေလည်းတက်ကြတယ်။ ဒါဟာ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပထမ ဆုံးသော ညီလာခံတခုဖြစ်တယ်။
ဒီဓါတ်ပုံကို ၂၃ နှစ်လုံးလုံး ကောင်းမွန်စွာထိမ်းသိမ်းပေးထားတဲ့ ဦးပြေသိမ်း ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖေါ်ပြပေးပါတယ်။

2 comments :

Anonymous said...

photo not available
ဒီမိုကရေစီကိုသာ ထိပ်တန်းတင်နေကြသော မြန်မာလူမျိုး အပေါင်းတို့ခင်ဗျား..... ခင်ဗျား...တို့ ပြည်တွင်းမှာ အချင်းချင်း လှည့်ပါတ် ခွေဖို့ပဲ စိုင်းပြင်းနေချိန်မှာ မနေ့က ဘင်္ဂလားနဲ့ ရေပိုင်နက် ကိစ္စ အဆုံးအဖြတ်မှာ မြန်မာနိုင်တယ်လို့ ဆိုနိုင်ပေမယ့် ကမ်းလွန် လုပ်ကွက်တွေ ပါသွားပါတယ်ဗျာ.......

ဘင်္ဂလားတွေက "This is a great day for Bangladesh," declared Foreign Minister Dr. Dipu Moni, after listening to the President of the Tribunal, Jose Luis Jesus of Cape Verde, read the judgment in the Hamburg courtroom. အဲ့လို ထုတ်ဖော် ကြွေးကျော်သွားလေရဲ့....... သူတို့အနေနဲ့ နည်းနည်းရလဲ အမြတ်ပဲ ဆိုပီး မြန်မာကို တစ်စစီဖဲ့နေတာကို ခင်ဗျားတို့ ဒီမိုကရေစီ တော်လှန်ရေးနဲ့ မဆိုင်လို့ ကြည့်နေနိုင်ကြလား ခင်ဗျာ......

ကျွန်တော်တို့ မြန်မာ့သမိုင်းထဲမှာ သင်ခဲ့ရတဲ့ ရှင်မဖြူကျွန်းဆိုတာ အခုတော့ ၂ မိုင်ခွဲ ပါတ်လည် အနားကပ်ပိုင်ခွင့် မရှိတော့ပါ.... အစိုးရသိက္ခာကျ အရှက်ရရင် ပီးရော ငါတို့နဲ့မဆိုင် ဆိုတဲ့ အမျိုးသားရေး စိတ်ဓါတ် ကင်းမဲ့တဲ့သူများ ခင်ဗျား..... နိုင်ငံနယ်နိမိတ်ဟာ အစားပြန်တောင်းလို့ မရပါဘူး..... ငါတို့ လက်ထက်မှ တရားတဘောင် ပြန်စွဲမယ်ဆိုလည်း လက်နက်ကိုင်စွဲရန်သာ ရှိပါတော့တယ်.... ဒီအစိုးရ သိက္ခာကျမှ ငါတို့ နိုင်ငံရေး အမြတ်ရမယ်ဆိုရင် ကိုယ့်တိုင်းပြည်အပေါ်မှာ ချစ်မြတ်နိုးစိတ်၊ သစ္စာစောင့်သိမှု၊ တာဝန်သိတတ်မှုဟာ ဘာလဲ ဆိုတာ ပြန်မေးရပါလိမ့်မယ်......

ဒီအကြောင်း အရေးကြီးပါတယ်လို့ အတန်တန် သတိပေးတာကို ကြားဖြတ် ရွေးကောက်ပွဲကို အာရုံလွှဲတယ်၊ လုပ်ဇာတ်ကြီးပါလို့ ပြောတဲ့သူတွေက ပြောခဲ့ကြတယ်...... ထပ်ပြောပါ့မယ် NLD၊ ကြံ့ဖွံ့၊ ဒီမို၊ စစ်တပ်၊ အားပြိုင်တယ်ဆိုတာ နိုင်ငံဆိုတာ ရှိနေလို့ပါ..... နိုင်ငံရဲ့ အချုပ်အခြာ အာဏာသာ မရှိခဲ့ရင် ကျွန်တော်တို့ အားပြိုင်စရာ မရှိတော့ပါဘူး...... ကျွန်တော်တို့ မြန်မာတွေဟာ ကောက်ရိုးမီးလို တစ်ခုထဲကိုသာ ခဏတဖြုတ် ၀ုန်းခနဲဆို ထလုပ်တတ်တဲ့ စိတ်တွေကြောင့် တစ်ပြိုင်နက်တည်းမှာ အရာပေါင်း များစွာကို လုပ်နေကြတဲ့ Multitasking နိုင်ငံများနဲ့ ယှဉ်ရာမှာ ခေတ်နောက်ကျနေခြင်း ဖြစ်ပါတယ်.....

ဒီကိစ္စဟာ အေးချမ်းသွားမှာ မဟုတ်ပါ..... နှစ်နိုင်ငံ နယ်စပ်မှာ Buffer Zone အနေနဲ့ သူ့နိုင်ငံသား လူသားဖောက်တဲ့ စက်တွေကို ချထားပီး ပြဿနာ ဖန်တီးနေရာကနေ သမုဒ္ဒရာကိုပါ တစ်ဆင့်တိုး တောင်းဆိုလာနေပါပီ..... နောင်ဆိုရင် ရခိုင်ပြည်နယ်ကိုပါ သူတို့ ကြွေးကျော်နေတဲ့အတိုင်း အစ္စလာမ်မစ် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်လာအောင် စစ်ရေးကော နိုင်ငံရေးကော သုံးလာနိုင်တာကို အမျိုးသားရေး စိတ်ဓါတ်ဖြင့် ရှုမြင်ကြပါ ခင်ဗျာ........

မြန်မာ့သမိုင်းမှာတော့ အရှက်ရစရာ နေ့ တစ်နေ့ အဖြစ် ၁၄ ရက် မတ်လ ကို မှတ်တမ်းတင်ထားလိုက်ပါတယ်.... :

မြန်မာ့သမိုင်းမှာတော့ အရှက်ရစရာ နေ့ တစ်နေ့ အဖြစ် ၁၄ ရက် မတ်လ ကို မှတ်တမ်းတင်ထားလိုက်ပါတယ်....