မြန်မာနိုင်ငံမှာ ထူးချွန်သော သတင်းသမားများအားထမဆုံးအကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့ အမျိုးသားသတင်းဆုများကို ယနေ့နေ့လည် (၁)နာရီတွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံတွင်
ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅မျိုးရှိပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့်အကောင်းဆုံး သတင်း ကာတွန်းဆုတို့ဖြစ်သည်။
အကောင်းဆုံးသတင်းဆုအတွက်
၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ နိုင်ငံအနာဂတ်သစ် အတွက် အစပျိုးခြင်း သတင်းရေးတဲ့
နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ဝင့်ဝဒီတို့ပူးပေါင်းရေးသားသောကုမုဒြာသတင်းအဖွဲ့ကရရှိပြီးဆုလက်ခံယူခဲ့သည်။
အဆိုပါဆုလက်ခံရယူချိန်တွင် ဆုရရှိသည့် ဒေါ်အောင်ဆန်းကြည်နှင့် ဟီလာရီကလင်တန် မျက်နှာဖုံးပုံကို နောက်ခံပိတ်ကားတွင် ပြသခြင်းမရှိကြောင်းအဆိုပါဆုချီးမြှင့်ပွဲတက်ရောက်သူတဦးကပြောပြခဲ့သည်။
ယ္ခုလိုနောက်ခံပိတ်ကားတွင်ဆုရရှိသည့်နောက်ခံအကြောင်းအရာကိုဆုလက်ခံသူမှကျေးဇူးတင်စကားပြောကြားနေစဉ်အတွင်း ပြသခြင်းမရှိသည်မှာ ပြန်ကြားဝန်ကြီးဦးကျော်ဆန်းတက်ရောက်မှုကြောင့်
တားမြှစ်ထားခြင်းဖြစ်ကြောင်းသတင်းများထွက်ပေါ်နေသည်။အစိုးရပိုင်သတင်းစာမှရိုက်ကူးသော ( နှစ်သိမ့်ဆုသတင်းဓါတ်ပုံဆုရ)သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ်နေပြည်တွင် တွေ့ဆုံစဉ်ရိုက်ကူးသောပုံကိုသာပြသခွင့်ရကြောင်း သိရှိရသည်။
No comments :
Post a Comment