အလုပ်သမားသမဂ္ဂများဖွဲ့ စည်းပြီးကြောင်း
မိတ်ဆက်တင်ပြခြင်း
နှင့်
မှတ်ပုံတင်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း
အတည်ပြုခြင်း
ကျနော်ကျမတို့ ၏ အလုပ်သမားသမဂ္ဂများဖြစ်သော ချည်မျှင်နှင့်
အထည်ချုပ်အလုပ်သမားများသမဂ္ဂ နှင့်ဆောက်လုပ်ရေး
အလုပ်သမားများသမဂ္ဂကို ၂၅-၃-၂၀၁၂ တနင်္ဂနွေနေ့ တွင်
ဒီမိုကရေစီနည်းကျဖွဲ့ စည်းပြီးကြောင်း မိတ်ဆက်တင်ပြခြင်းနှင့်
ဆက်လက်၍ တရားဝင် မှတ်ပုံတင်သွားမည် ဖြစ်သည်ကို
ရှင်းလင်း တင်ပြသွားမည် ဖြစ်၍ ကြွရောက် ချီးမြှင့်ကြပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရာ - ကျော်ဟိန်း လက်ဘက်ရည်ဆိုင်၊ (၉) ရပ်ကွက်၊
ရွှေပြည်သာမြို့ နယ်၊
အမိုးကြီးကားဂိတ် (၅၇၊ ၉၉ ဒိုင်နာ၊
၁၇၇ ကားများစီး)
အချိန် - ၁၁း၀၀ မှ ၂း၀၀
နေ့ ရက် - ၂၇-၃-၂၀၁၂
သမဂ္ဂဖြစ်မြောက်ရေးအလုပ်သမားများ
No comments :
Post a Comment