Monday 12 March 2012

စစ်အခြေခံဥပဒေအောက်က တပ်မတော်သား ဘဝ

သို့

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာကျွန်တော်၏ အမည်မှာ အောင်ကျော်သူ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် 36303/ တပ်ကြပ်အဆင့်ဖြင့် တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်နေရင်း လူမှုဒုက္ခရောက် နေပါသဖြင့် အကူအညီပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ကျွန်တော်၏ဖြစ်စဉ်မှာ ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5 နှစ် သက်တမ်း အာမခံစာ ချုပ်ဖြင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှ လာရောက်ခေါ်ဆောင်သဖြင့် စတင် အမှုထမ်း ဆောင်ခဲ့ပါ သည်။ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာ ရေပိုင်နက်ပင်လယ်များတွင် သက်စွန့်ဆန်ဖျားဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နာဂစ်မှုန်တိုင်းတွင်လည်း ကလေးငယ်ဖြင့် အိမ်ပြိုသွားသော ဇနီး သည်အား ပြန်လည်မကူညီနိုင်ပဲ တိမ်းမှောက်သွားသော ကျွန်တော်၏ စစ်ရေယာဉ် 415 အား ပြန်လည်ကောင်း မွန်အောင် တစ်လ နှင့် တစ်ရက်ကြာအောင် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ယခု ကျွန်တော်သည် မြိတ်မြို့နယ် အစွန်ဘက် ပင်လယ်ထဲရှိ ရေနံစင် အားလုံခြုံရေး တာဝန်အဖြစ် (9လ) မျှ တာ ၀န်ထမ်းဆောင်နေစဉ်တပ်လိုင်းခန်းတွင်ကျန်ခဲ့သော ကျွန်တော်၏ ဇနီးအား ရဲဘော်ဖြစ်သူမှ သစ္စာမဲ့စွာဖြင့် ခိုးယူပေါင်းသင်းရန် တစ်ဘက်နိုင်ငံသို့ ခေါ်ဆောင်သွားပါသည်။ ကျွန်တော့တွင် 2 နှစ် နှင့် 6နှစ် ကလေးငယ် နှစ်ဦးဖြင့် ကျန်ခဲ့ပြီး တပ်လိုင်းခန်းမှ (3)ရက်အတွင်း ဆင်းပေးရန်တပ်မှ နှင်ချခံခဲ့ပါသည်။

သို့ဖြစ်ပါသဖြင့် ကျွန်တော်အလုပ်မှာ ပင်လယ်ထဲတွင် စစ်သဘောင်္အား စက်ပြင်တာဝန်ဖြစ်နေသည်က တစ် ကြောင်း သင်္ဘောတစ်စီးထဲတွင် အခြားသူများ၏ အထင်အမြင်သေးခြင်း ခံရခြင်းကြောင့်တစ်ကြောင်း အခက် အခဲများရှိပါသဖြင့် ရွာတွင်ကျန်ခဲ့သော76 နှစ်အရွယ် အမေအိုအား ပြုစုစောင့်ရှောက်ရင်း လယ်ယာလုပ်ငန်းအား ပြန်လည်လုပ်ကိုနိုင်ရန် တပ်မတော်မှ နှတ်ထွက်ခွင့်ပြုပေးဖို့ တင်ပြခဲ့ပါသည်။

၎င်းတင်ပြမှုအားလက်မခံပဲ စစ်ရေယာဉ် 558မှ ဗိုလ်မှုးသန်းဇော်ထိုက် သည် ကလေးငယ်နှစ်ဦးအား ဆွေမျိုးများ ထံ အပ်နှံပြီး တပ်မတော်တွင် ပြန်လည်ထမ်းဆောင်ရန် တွန်းအားပေး လက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ယင်းအခက် အခဲများကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်းတင်ပြသောအခါ ကျွန်တော့အား 12.2.2012 နေ/့မှ 16.2.2012 ထိ တပ်အချုပ်ထဲ တွင် ထည့်ထားခဲ့ပါသည်။ အပြင်တွင်ကျန်ခဲ့သော ခလေးများ မှာ ကျမ်းမာရေးချို့တဲ့သဖြင့် ဒုက္ခရောက်နေသောကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ပါမည်ဟု တောင်ပန် သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

ထို့ကြောင့်ယခုတွင် ကျွန်တော်သည် ကလေးငယ်နှစ်ဦးဖြင့် စေလွှတ်သောနေရာတွင် သွားရောက်တာဝန် ထမ်းဆောင်ရန် စောင့်ဆိုင်းရင်း ဒုက္ခဆင်းရဲရောက်နေပါသဖြင့် အကူအညီ ပေးနိုင်ကြပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

တပ်ကြပ်/41 အောင်ကျော်သူ

1 comment :

Anonymous said...

ဖြစ်မှထွက်ရလေသွာတိုက်ဆေးရယ်..