Sunday 4 March 2012

ကြံ့ဖွတ် ၀င်တဦး ရဲ့  တရားဥပဒေ မဲ့  လုပ်ဆောင်မှု

ဆိပ်ကမ်းအထူးသတင်း)

ရန်ကုန်တိုင်းဒေသကြီး ...ဒဂုံဆိပ်ကမ်းမြို့ နယ်မဲဆန္ဒနယ် ၆၇(ကျူးကျော် ရပ်ကွက်) ရပ်ကွက် အပိုင်း၁ လေးလမ်း မှာ 28.2.2012 တစ်နာရီခွဲမှာ ပေါက်တူးဖြင့် ခုတ်မှု ဖြစ်စဉ်တခုဖြစ်ပွားခဲ့ ပါတယ် ...ဖြစ်ပွားမှုမှာ သာမန် ဖြစ်စဉ်တခု မဟုတ်ပဲ ...လူအများစိတ်ဝင်စားမှုဖြစ်ခဲ့ တာပါ..အကြောင်းအပြည့် အစုံကတော့  ပေါက်တူးဖြင့်  ခုတ်သူ မလှရီ က ကြံ့ /ဖွံ့ မှ ဖြစ်ပြီး အခုတ်ခံရသူ မညိုမီက NLD ကလို့ သိရှိရပါတယ် ...၀င်ရောက်ဖြန်ဖြေပေးသူ မစန္ဒာလင်းကတော့  ပေါက်တူးခုတ်မှုဒဏ်ကြောင့်  လက်ရောင်ရမ်းမှုဖြစ်ပွားခဲ့ ပြီး မညိုမီကတော့  ထိခိုက်ဒဏ်ရာမရရှိဘူးဟုသိရပါတယ်..အကြောင်းအရင်းဖြစ်စဉ်အပြည့် အစုံမှာတော့  မစန္ဒလင်းနှင့် မညိုမီတို့  စကားပြောနေစဉ် အဆိုပါ ပေါက်တူးဖြင့်  ခုတ်သူ မလှရီကတော့ 
ကိုယ်တွင်းမဖွယ်မရာများနှင့် နှိုင်းကာ NLD ပါတီကို ဆဲဆိုပြီး မညိုမီရှိရာသို့  ပေါက်တူးဖြင့် ဝင်ရောကိခုတ်ခံရပါသည်။ မညိုမီ အချိန်မှီရှောင်တိမ်းသဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိပဲ မစန္ဒာလင်း လက်ထိခိုက်မှုသာရှိပါသည်။ မညိုမီသည် အခင်းဖြစ်ပွားရာကနေ သက်သေပေါက်တူးကို သိမ်းဆည်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့  တိုင်ကြားခဲ့ ပါသည်။ ရပ်ကွက်တာဝန်၇ှိသူများမှ ဖြစ်စဉ်လက်ခံခဲ့ ပါသည်။ သို့ သော် ထိုအထဲမှာ ရပ်ကွက်ပုဂ္ဂိုလ်တဦးသည် မညိုမီအား ဖြစ်စဉ်မေးမြန်းရာမှ ထိုပုဂ္ဂိုလ်သည် မိမိနှင့် နောက်လူများရှိလျင် မညိုမီအား ပါးချည်ရိုက်မည်ဟု ချိန်းခြောက်းကြောင်း မညိုမီမှတဆင့် သိခဲ့ ရပါသည်။ ထိုဖြစ်စဉ်ကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲံ့ သည် ပြေလည်ရာပြေလည်းကြောင်းစီစဉ်သော်လည်း စီစဉ်မှုသည် တဖက်သက် ခံဝန် နောက်နောင် ရန်မဖြစ်စေရန်ဖြစ်ကြောင်းခံဝန်ကတိထိုးခိုင်းတာဖြစ်ကြောင်းသိရသည်။ ထိုဖြစ်စဉ်တွင် မလှ၇ီသည် တပါးသူ၏ အိမ်ေ၇ှ့ မြေကွက်လပ်တွင် သေစေရာသေစေလိုကြောင်း ပေါက်တူးဖြင့် ခုတ်မှုဖြင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်( NLD ) ကို ညစ်ညမ်းစွာဆဲရေးတိုင်းတယမှုဖြင့် လည်းကောင်း ...တွေ့ ရှိရသဖြင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၆၇(ကျူးကျော် ရပ်ကွက်) ရပ်ကွက် မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တာဝန်ရှိသူ ဒေါ်ယဉ်ယဉ်နွဲ့  ( မြို့ နယ်စည်းအဖွဲ့ ဝင်) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မြို့ နယ်ရုံး) ဥပဒေ ဌာနမှ ဦးသိန်းလှိုင်ထွန်း ( ဥပဒေရေးရာ ) ကလက်ခံပြီး ဥပဒေ ၄၅၀၊၃၂၄ အရငြိစွန်းသဖြင့်  တရားစွဲဆိုသွားမည်ဟု သတင်းရပါသည်။ မလှရီသည် ယခင်က ကို ....... ( နာမည်ကို စုံစမ်းဆဲ ) ကြံ့ /ဖွံ့ ရေပေးရေဝေးကော်မတီ ) နှင့် အတူ မညိုမှီကို သူမ၏နေအိမ်ခြံဝန်းထံသို့  ခေါ်ယူပြီး '' နင်တို့  NLD ထဲ ၀င်ထားလား ...၀င်ထားရင် ၀င်ထားတဲ့ သူကော စာရင်းပေး ...ငါတို့  အာဏာရလာရင် နင်တို့ ကို ဒီရပ်ကွပ်ကနေ လို့ မရအောင်လုပ်ပစ်မယ် ....နင်တို့ ကို ရေဝေပေးတာဘယ်သူလဲ...စာအုပ်တွေ ဝေပေးတာ ဘယ်သူလဲ....ပိုက်ဆံတွေထုတ်ချေးတာ ဘယ်သူလဲ " ဟု ပြောဆိုသည် ။ထိုအခါ မညိုမီသည် သူတို့ အား တကယ်လုပ်မည်လားဟု မေးမြန်းရာ သုံးကြိမ်သုံးခါတိတိ ထိုသို့ ပြောဆိုရာကို မညိုမှီက လက်မခံဘဲ NLD ပါတီသို့ ဝင်ရောက်ခဲ့ ကြောင်းကြားသိခဲ့ ရသည်။ ထို အချိန်မှစ၍ ကြံ့ ဖွံ့ မှ ရေပေးဝေရေးကားသည် NLD ပါတီဝင် အိမ်များအား ရေပေးဝေခြင်းမရှိတော့ ကြောငိးနှင့် ရေပေးဝေမှုအလားတူ ကိစ္စအား ၆၁ ရပ်ကွက်သည် လည်းပဲ ထိုနည်းအတူဖြစ်နေကြောင်းသတင်းရရှိပါသည်။ သမ္မတကြီးဉ်းသိန်းစိန်သည် ပြည်သူ့ အသံကို အမြဲနားစွင့် နေသော သမ္မတဖြစ်သောကြောင့်  နိုင်ငံအတွင်း မသမာ..အကျင့် ပျက် ...ခြစား...အာဏာပြနေသော သူများအား မည်သူမှငဲ့ ကွက်မှုမရှိပဲ အရေးယူပေးရန် သမ္မတကြီးနှင့် တကွ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း တို့ အားလေးစားစွာဖြင့်  တောင်းဆိုအပ်ပါသည်။ အထက်ပါအမှုများအားလည်း ကြံ့ ၊ဖွံ့  တာဝန်ရှိသူများ အမြန်ဆုံး တာဝန်ယူဖြေ၇ှင်းပေးပါရန် တောင်းဆိုပါသည်။ မြန်မာပြည်သူပြည်သားတယောက်အနေဖြင့် ပြောချင်ပါသည်။ပြည်သူလူထူကိုယ်စားပြောချင်ပါသည် ။ မြန်မာနိုင်ငံတွင် ကျူးကျော်ရပ်ကွက်အတွင်းနေသော ပြည်သူများကို ( ကျူး ) ဟု မသတ်မှတ်မသုံးနှုန်းစေချင်ပါ။ အခြေခံဥပဒေမူကြမ်းတွင် မြန်မာနိုင်ငံသားတယောက်သည် မြန်မာနိုင်ငံအတွင်း မည်သည့် နေရာတွင်မဆို အခြေတကျနေထိုင် ပိုင်ခွင့် ရှိသည် ဆိုသော ဥပဒေသည် ထိုသူမျးအား အမြဲတမ်းကာကွယ်ပေးပါ ဟု ပြောကြားချင်ပါသည်။

အမှန်တရားလွှတ်လပ်မှုနှင့်  ဒီမိုကရေစီလိုလားသူ

နေသော် ...... ( အမိမြေ )

ဆိပ်ကမ်းဖြစ်စဉ်အား မီဒီယာများသတင်းယူလိုပါက

ကိုညီညီ 09. 730079792....09 49328055
က်ုညီညီမင်း 09 73131539
ကိုနေသော် 09 73 222 591 ထံသို့ မေးမြန်းနိုင်ပါသည်။

No comments :