skip to main
|
skip to sidebar
ကချင် လွတ်လပ်ရေးတပ်မတော် (KIA)
တပ်မဟာ(၃)ဒေသမိုင်ဂျာယန် နှင့် လွယ်ဂျယ်မြို့ အကြား
(၂၄.၃.၂၀၁၂)ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် နှင့် (KIA)
ကချင် လွတ်လပ်ရေး
တပ်မတော် တို့ အပြင်းအထန် တိုက်ပွဲ
ဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။ ယင်း တိုက်ပွဲ
တွင်မြန်မာအစိုးရစစ်တပ်ဘက်မှတပ်ရင်းမှူး(၁)ဦးကျဆုံးကြောင်းသတင်းထပ်မံသိရှိရသည်။
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေသော်လည်း မြန်မာ့အစိုးရဘက်မှ
စစ်ရေးအရှိန်နေ့စဉ်တိုးမြှင့်လာမှုကြောင့် မတ်လအတွင်းတိုက်ပွဲပေါင်း (၇၈)
ကြိမ်ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အို တာဝန်ရှိသူမှပြောဆိုခဲ့သည်။ တိုက်ပွဲများကြောင့်
ကျေးရွာများကိုလက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊မီးရှို့ဖျက်ဆီးခြင်း
များကြောင့် စစ်ဘေးဒုက္ခသည်များ ပိုမိုများလာခဲ့သည်။ မတ်လ ၂၅ရက်နေ့က
ကုလသမဂ္ဂမှစစ်ဘေးဒုက္ခသည်၁၀၀၀ကျော်အတွက် ရိက္ခာအကူအညီပေးရန်ရောက်ရှိခဲ့သော်လည်း
မြစ်ကြီးနားအနီးတဝိုက်ရှိဒုက္ခသည်များကိုသာ ကူညီပေးနိုင်သေးသည်။ ကချင်ပြည်နယ်တွင်
တိုက်ပွဲများဖြစ်ပွားခဲ့သည်မှ (၁၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

နမ်ဆန်ယန် ကျေးရွာ အတွင်းရှိ
ရိုမာန်ကက်သလစ်(RC)ဘုရားကျောင်းအနီးပတ်ဝန်းကျင်မှ ရွာသားများ၏ လူနေအိမ်(၃)အိမ်အား (၂၅.၃.၂၀၁၂)ရက်နေ့ တွင် မြန်မာ အစိုးရ စစ်တပ်
(ခမရ-၃၈၈) မှ မီးရှို့ဖျက်ဆီး နေစဉ်အဝေးမှ ဤသို့မြင်ရ။ ထို့ပြင် လက်နက်ကြီးများဖြင့် ရွာအတွင်းရှိ လူနေအိမ်များအား ပစ်ခတ်ဖျက်ဆီး။
(source-kachinnet)
No comments :
Post a Comment