Saturday 17 March 2012

ကျော်ဆန်း က ဆရာ မောင်ဝံသ ကို အပုတ်ချ တိုက်ခိုက်၊ Media Watch လို့  ရေးရမည့် အစား Media Wash လို့  မှားရေး ထား။


အခုတလော  နအဖ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း လျိုလ်ဝှက်ဖွဲ့ စည်းထားတဲ့  Burma Media Wash က နေ ဆရာမောင်ဝံသ အား အပုတ်ချ တိုက်ခိုက်ထား သည့် ဆောင်းပါးများကို အဆက်
မပြတ် ဖြန့် ဝေနေသည်ကို တွေ့ ရပါတယ်။  ဒီဆောင်းပါးတွေကို  ကျော်ဆန်းကိုယ်တိုင် ဦးစီး
ရေးသားနေတယ်လို့ ဆိုပါတယ်။  ဆောင်းပါးတွေဟာ ရေးသူ အမည်မခံပဲရေးသားနေခြင်းဖြစ်တယ်။ သူကိုယ်တိုင်ဦးစီးထုတ်နေတာလို့  အမည်မဖေါ်လိုတဲ့
ပြန်ကြားရေးဝန်ကြီးဌာန က အဆင်မြင့်အရာရှိတယောက်က

''  Burma Media Watch လို့ ရေးရမှာ ကို ၀န်ကြီးက Wash လို့   ပေါင်းထားတယ်လေ။ ကျနော်တို့ လဲပြင်ပေးမနေပဲလွှတ်ပေးလိုက်တယ် လို့  ဆိုပါတယ်။ ဒါကြောင့် သူ့ ကို ( ကျော်ဆန်းကို ) ကျနော်တို့ က Mr. Wash  လို့  နောက်ကွယ်မှာ ခေါ်နေကြတယ်။ ''

                                               ( Mr. Wash  လို့  ခေါ်ခံထိနေတဲ့ ကျော်ဆန်း)


ဆရာမောင်ဝံသ ဆိုတာကတော့ သတင်းစာ ဆရာတဦးဖြစ်ပြီး  အတွေးအမြင် ဂျာနယ်ကိုဦးစီးထုတ်ဝေ ခဲ့သူဖြစ်တယ်။ ၈၈ မတိုင်ခင်က သူထုတ်ဝေခဲ့တဲ့အတွေးအမြင် လူငယ်များကို  စာပေဗဟုသုတ နှင့် နိင်ငံရေး အမြင်များကို နိုးကြားလာအောင်ဖြန့် ဝေ
ပေးခဲ့တဲ့ စာဆောင်တခုဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်ဟောင်း
တဦးလဲဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မသာမာတဲ့ နည်းနဲ့ အောက်လမ်းနည်းများနဲ့ ဒီမိုကရေစီရရှိရေးကြိုးပန်းနေတဲ့ ခေါင်းဆောင်များ ကို နည်းမျိုးစုံနဲ့ အသွင်မျိုးစုံ နေရာမျိုးစုံက နေတိုက်ခိုက်နေမှုများ  သတိဝိရိယရှိကြဖို့  တပ်လှန့် နိုးဆော်လိုက်ပါတယ်။

No comments :