Wednesday 21 March 2012

ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကို သချိင်္ုင်းကုန်းမြေနေရာတွင်လုပ်ရန် တိုင်းရွေးကောက်ပွဲကော်မရှင်ပြော။


 photos : Reuters
ဒေါ်အောင်ဆန်းစုကြည်၏ မတ်လ (၂၇)ရက် နေ့မကွေးမြို့စည်းရုံးရေးခရီးစဉ်အတွက် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှ တိုင်းရွေးကော်မရှင်သို့ ဟောပြောပွဲကျင်းပရန် နေရာတောင်းခံခဲ့သော်လည်း တိုင်းရွေးကောက်ပွဲကော်မရှင်က နေရာမပေးနိုင်ကြောင်းနှင့်သချိုင်းသုသန်နေရာတွင် လုပ်ကြရန် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့ကြောင်း NLDပါတီမှ ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုခဲ့သည်။
မကွေးဒေသခံများပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဲဆွယ်တရားဟောပြောပွဲကို ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ပြင်တွင် ကျင်းပပြုလုပ်မည် စိုးရိမ်မှုကြောင့် မကွေးတိုင်းအာဏာပိုင်တို့က သဲသောင်ပြင်ကို ဘူဒိုဇာစက်ဖြင့် မွစာကျဲနေအောင်ထိုးထားကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ (၂၇)ရက်နေ့တွင်ညောင်ဦးမြို့သို့လေယာဉ်ဖြင့်သွားရောက်မည်ဖြစ်ပြီး၊ညောင်ဦးမှတဆင့် ကျောက်ပတောင်း၊ရေနံချောင်း၊မကွေးမြို့များသို့ဆက်လက်သွားရောက်မည်ဟု သိရသည်။

No comments :