Wednesday 21 March 2012

"မြစ်ဆုံနဲ့ပတ်သက်ပြီးမင်းကိုနိုင်ရဲ့ပြတ်သားတဲ့စကား"



"မြစ်ဆုံနဲ့ပတ်သက်ပြီးမင်းကိုနိုင်ရဲ့ပြတ်သားတဲ့စကား"
photo: Khon Ja

"
ဒီနေရာမှာ အတိအကျ ကျွန်တော်တို့ မေးရမှာက ဒီစီမံကိန်းကို ဆက်ပြီးတော့လုပ်ဖို့ ကြိုးစားနေတယ်၊ ဆုံးဖြတ်နေတယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ကိုယ်တိုင်က ကမ္ဘာသိ ကတိပေးထားတဲ့အပေါ်မှာ ဘယ်သူတွေက ကျော်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာမျိုးပေါ့။

အုပ်ချုပ်ရေးမှာ သမ္မတထက် လုပ်ပိုင်ခွင့်ပိုတဲ့သူများ ရှိနေပြီလား။

ဖွဲ့စည်းပုံအရဆိုရင်တော့ အင်မတန် မေးခွန်းထုတ်ရမယ့် ကိစ္စ၊

နောက်တစ်ခုက ဒါနိုင်ငံတော်သမ္မတကိုယ်တိုင် ကတိပေးထားတဲ့အပေါ်မှာ သူ့ကို ကျွန်တော်တို့ လူကြီးလူကောင်းတစ်ယောက်လို့ပဲ မြင်ချင်တယ်။ ယုံလည်း ယုံချင်တယ်ပေါ့။ တစ်ခုတော့ ရှိပါတယ်။

ဘယ်ခေတ်မှာမဆို နိုင်ငံရဲ့ သယံဇာတကို အဆီစားပြီး အသားမြိုချင်တဲ့ ကြောင်ပါးတွေ အမြဲရှိတယ်ဆိုတာ သိတယ်။

ပြည်တွင်းက သစ္စာဖောက်တွေနဲ့ ပေါင်းပြီးတော့ နိုင်ငံရဲ့ သယံဇာတနဲ့ အနာဂတ်ကို လုပ်ကြံဖို့ ကြိုးစားမယ်ဆိုတာလည်း ကြိုတွက်ပြီးသားပါ။

အဲဒီအတွက် ကျောချင်းကပ်မယ့် ပညာသည်တွေ၊ ပြည်သူလူထုတွေ၊ ရှေ့နေဥပဒေပညာရှင်တွေ အနာဂတ်ကို ကာကွယ်ကြမယ့် လူငယ်အင်အားတွေ တိုင်းရင်းသားတွေ များစွာရှိပါတယ်။ ဒီအတွက် အမျိုးသားရေးဟာ စိန်ခေါ်မှုဖြစ်သွားခဲ့ရင် တစ်မျိုးသားလုံးရဲ့ တုန့်ပြန်မှုကို ခံရလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ တစ်မျိုးသားလုံးရဲ့ ဒဏ်ခတ်ခြင်းကိုလည်း ခံရလိမ့်မယ်။"

No comments :