Friday 23 March 2012

ကချင်ပြည်နယ်ဒေသအချို့ကို လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟုကြေညာ


ယနေ့ ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်တွင် ဖားကန့်၊ဗန်းမော်၊မိုးကောင်းမြို့ များသည် ယခုကြားဖြတ်ရွေးကောက်ပွဲတွင် အရေးပေါ်အခြေအနေအရ ကျင်းပခွင့်မပြုနိုင်ကြောင်း ကြေညာသွားခဲ့သည်။ အဆိုပါဒေသများတွင် ကြံ့ဖွတ်ပါတီဝင်ရောက်ယှဉ်ပြိုင်ပါက အနိုင်ရမည်မဟုတ်သော စစ်တမ်းများကို ကြံ့ဖွတ်ပါတီဌာနချုပ်သို့ ပေးပို့အပြီး လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲမဲပေးမှုကို ပိတ်ပင်ခြင်းဖြစ်သည်။
 ကချင်ပြည်နေဒေသခံတိုင်းရင်းသားတို့အားလုံးကချစ်ခင်လေးစားသောဖားကန့်နယ်မြေတွင် ဒေါ်ဘောက်ဂျာ၊ မိုးကောင်းမဲဆန္ဒနယ်မြေတွင် ဒေါက်တာတူးဂျာတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ဖြစ်သည်။ 

ဖားကန့်မဲဆန္ဒနယ်မြေမှဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဒေါ်ဘောက်ဂျာ။
 မိမိဒေသကို အလုပ်အကျွေးပြုဖို့ ဒေါ်ဘောက်ဂျာရဲ့ ပြည်သူတွေအပေါ်ထားတဲ့ ရည်မှန်းချက်တွေ အခုတော့ ...............................

"နိုင်ငံရေးလောကကို ရောက်လာတာက ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့
ရောက်လာတာဖြစ်တယ်။ အခု ဖားကန့်မြို့မှာဆို ကျောက်တွေ
မြောက်များစွာထွက်တယ်။ ဒီမှာလုပ်နေတဲ့ ကားတွေအစီးပေါင်း ထောင်ချီရှိတယ်။
ဒီလောက်လုပ်ကိုင်စားသောက်နေပေမယ့် ပြည်သူအတွက်၊ တိုင်းပြည်အတွက် မငဲ့ဘူး။
ဒေသခံတွေအတွက်ကို နည်းနည်းလေးမှ ငဲ့မကြည့်တဲ့ ဒီလိုဖြစ်ရပ်မျိုးကိုတော့အရမ်းရှောင်ရှားသင့်တယ်။ ဒီလောက်အလုပ်အကျွေး ခံစားထားရတာ နည်းတာမဟုတ်ဘူး။

လမ်းပန်း ဆက်သွယ်ရေး၊ မီးကအစ ဘာတစ်ခုမှ မကြည့်ဘူး။ ကျမတို့
စည်းရုံးရေးဆင်းတဲ့ အခါ ပြည်သူတွေက မီးခွက်လေးနဲ့ ကြိုကြတယ်။ ကျမရင်ထဲမှာ အင်မတန်ဆို့ နစ်အောင် ခံစားရတယ်။ အဲ့တာတောင် ဖားကန့်မြို့နယ်မှာဖြစ်နေတာ။ ကျန်တဲ့ဒေသဆို ပြောစရာမရှိတော့ဘူး။ ၁နာရီလောက်သွားမယ့်နေရာကို တစ်ရက်နှင့် တစ်ည သွားရတယ် ဒါတွေ မဖြစ်သင့်ဘူး။ ဒါကြောင့် ပြည်သူတွေကို
အလုပ်အကျွေးပြုချင်လို့ ကျမ နိုင်ငံရေးလောကထဲကို ရောက်လာတာပါ။".................

No comments :