Saturday 17 March 2012

အသိမ်းခံ လယ်မြေပေါ်က လယ်သမားတွေရဲ့ ရင်နင့်ကြေကွဲဘွယ် ဘဝ



"တိုင်းပြည် အသက်သွေးကြော ကို ဖြတ်တောက် ဖျက်စီး နေတဲ့ ၀ိသမသ လောဘသား စီးပွားရေး အချောင် သမားများ ကို  ဘုံရန်သူ အဖြစ်  ဆန့်ကျင်ကြ။"


ပြောင်းလဲနေပြီဆိုတဲ့ တမတ်သား အစိုးရ
ဘိုးဘွားပိုင် လယ်မြေ သိမ်းပိုက်ခဲ့မှု ကို လက်ပိုက်ကြည့်နေ။

တောင်သူလယ်သမားတွေ ကတော့ အနိုင်ကျင့်တာ။ တရားဥပဒေ အုပ်ချုပ်ရေး ဆိုတာ မရှိတော့ဘူးလို့ပြောနေကြပြီ။
 

၁) လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ဥပဒေ
၂) လယ်သမားများ ကို အကာအကွယ် ပေးရေးဥပဒေ၊
၃)လယ်သမားတွေ ကို ထောက်ပံ့မှု ဆိုင်ရာ ဥပဒေ အတွက် လယ်ယာကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု များ ကို ချက်ခြင်း  တောင်းဆို ကြ။

 -BURMA VJ MEDIA-

လှိုင်သာယာမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား လယ်မြေဧက ၃၀၀ ကျော်ကို ဝါဝါဝင်း ကုမ္ပဏီက သိမ်းယူထားတာ ဖြစ်ပါတယ်။ အတွင်းပဒန် ကျေးရွာသားတွေ အနေနဲ့လဲ ဓားမဦးချ လုပ်ကိုင်နေတဲ့ လယ်မြေတွေ ဖြစ်တာကြောင့် အဲ့ဒီ အသိမ်းခံ လယ်မြေတွေပေါ်မှာ မိုးစပါး စိုက်ပျိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်တဲ့ လယ်သမားတွေကို ဝါဝါဝင်း ကုမ္ပဏီက ပိုင်နက်ကျူးလွန်မှုနဲ့ သောင်ကြီး ရဲစခန်းကို အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် သောင်ကြီး ရဲစခန်းက မတ်လ ၁၅ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်မှာ လာရောက် ဖမ်းဆီးသွား ခဲ့ပါတယ်။

အတွင်းပဒန် ကျေးရွာက လူကြီးတွေက အာမခံနဲ့ လာရောက် ထုတ်ပေးတဲ့ အတွက် ညပိုင်းမှာတော့ လယ်သမား အယောက် ၅၀ ကျော် ပြန်လည် လွတ်မြောက်လာ ခဲ့ကြပါတယ်။

ဒါပေမဲ့ လယ်သမားတွေ ပြင်ဆင်နေတဲ့ လယ်မြေတွေနဲ့ လယ်အတားအဆီးတွေကိုတော့ သောင်ကြီး ရဲစခန်းက ရဲသား အယောက် ၃၀ ကျော်လောက်က လာရောက် ဖျက်ဆီးနေပါတယ်။ အခုလို အဓမ္မ လယ်မြေ သိမ်းဆည်းခံရမှု အပေါ် တရားသဖြင့် ဆောင်ရွက်ပေးဖို့ ILO ကို စုပေါင်း လက်မှတ်ရေးထိုး တိုင်ကြားထားတယ်လို့ သိရှိရပါတယ်။

No comments :