Monday 19 March 2012

အကျင့်ပျက်ချစားမှုများ၊ရွေးကောက်ပွဲမသာမှုများကို တင်ပြနေသော သစ်ထူးလွင်ဝက်ဆိုဒ်အားမြန်မာအစိုးရပိတ်။


ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်းမှ ပြည်သူလူထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။

www.thithtoolwin.com Myanmar News Now
မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီးဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်းလျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အများပြည်သူ ကြည့်ရှုနေတဲ့
အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
မှတ်ချက်။      ။သစ်ထူးလွင်သတင်းဝက်ဆိုဒ်ဟာ မြန်မာပြည်တွင်းက ကျေးလက်၊မြို့ပြဒေသ အသီးသီးမှ မြန်မာပြည်သူတွေရဲ့မတရားဖိနှိပ်မှု၊အကျင့်ပျက်ခြစားမှု၊ကြားဖြတ်ရွေးကောက်ပွဲမသမာမှုဖြစ်စဉ်သတင်းများကို စုဆည်းတင်ဆက်ထားသည့်သတင်းဝက်ဆိုဒ်တခုဖြစ်ပါသည်။ မြန်မာပြည်တွင်းဒေသအသီးသီးမှ သတင်းအမှန်သိလိုသူများသည် သစ်ထူးလွင်သတင်းဝက်ဆိုဒ်ဝင်ရောက်ကြည့်ရှုခြင်း၊ ဝင်ရောက်ကြည့်ရှုသူမှတဆင့်မိတ်ဆွေများသို့ဆက်လက်မျှဝေကြကြောင်းများကြားသိရပါသည်။ ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်မည်၊သတင်းမီဒီယာလွပ်လပ်ခွင့်အရေးကြီးသည်ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန်၏အစိုးရအဖွဲ့လုပ်ဆောင်ချက်များသည်အမှန်တကယ်ပြောင်းလဲလိုစိတ်မရှိဘဲ နိုင်ငံတကာအသိုင်းအဝန်းကိုလိမ်ညာမှုတခုအဖြစ်သို့ ရောက်နေပြီ။
နိုင်ငံတကာအသိုင်းအဝိုင်းတွင်သတင်းမီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ပြသနိုင်ရန် ပြည်ပအတိုက်အခံ သတင်းမီဒီယာ( ၂)ခုနှင့် ဖက်လဲတကင်းရင်းနှီးကြောင်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ကြော်ငြာနေသည်။

 
 

1 comment :

lilly thane said...

use ultrasurf,your freedom and torr