Thursday 15 March 2012

လောင်းကစား သတင်း



အကြွေ စေ့ လောင်းကစား ဆိုင်များ ရန်ကုန်တွင် ပြန်လည်ဖွင့်လှစ်လာခြင်း

တရုတ်ပြည်မှ တင်ပို့  လာသော အကြွေစေ့ဖြင့် ၀ယ်ယူပြီး  ကစားရသော လောင်းကစားနည်း အား ယခုအခါတွင် ရန်ကုန်မြို့ ၏ ရန်ကင်း ၊ တာမွေ ၊ မင်္ဂလာတောင်ညွှန့်  အစရှိသည့် မြို့ နယ်များတွင် ပြန်လည်ဖွင့်လှစ်လာကြသည်။ အဆိုပါဂိမ်းဆိုင်များသည် အပြင်မှ ကြည့်လျှင် လွယ်ကူစွာမမြင်နိုင်စေရန်အတွက် ခန်းစီများကို တံခါးပေါက်အပြည့်နီးပါး တပ်ဆင်ထားပြီး ၊ စက်များမှထွက်ပေါ်လာသော အသံများကို အပြင်ဖက်မှ မကြားနိုင်စေရန်အတွက် စီမံထားကြသည်။ ယခုကဲ့သို့  ဂိမ်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်စေရန်အတွက် သက်ဆိုင်ရာမြို့ နယ် အာဏာပိုင်များနှင့် အပေးအယူ ပြုလုပ်ပြီးဖွင့်လှစ်ထားကြခြင်းဖြစ်နိုင်သည်ဟုယူဆရသည်။အဘယ်ကြောင့်ဆိုသေ် အဆိုပါဂိမ်းဆိုင်များအနီးတွင် ရဲတပ်ဖွဲ့ ဝင်များနှင့် ၎င်းတို့ ၏ သတင်းပေးများစီးနင်းကြသောမော်တောင်ဆိုင်ကယ်များကိုမကြာခဏ ၏တွေ့ ရှိနေရပြီး ရဲကြေးဟုခေါ်သော ဆက်ကြေး လာရောက်တောင်းခံခြင်းများကို မကြာခဏ မြင်တွေ့ နေရသည့်အတွက်ဖြစ်သည်။

No comments :