Friday 2 March 2012

ရေပေါ် လေ၀ဲ စပါးခွံများ (သို့) ဗိုလ်သိန်းစိန်၏ ဒီမိုဧချင်း ( ရဲဘော်ကျော်သန်း)

ဒီနေ့က ဗမာတပြည်လုံး ကံဆိုးမိုးမှောင်ကျပြီး စစ်အာဏာရှင် ငရဲခန်းထဲကျရောက်ခဲ့ရတာ အနှစ် (၅၀) ပြည့်မြောက် တယ်။ ဒီနေ့မှာပဲ ၀ဲစားကြီး ဗိုလ်နေ၀င်းက ဒီမိုကရေစ်ီအစိုးရကိုြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တယ်။ မနေ့ကတော့ ဗိုလ် နေ၀င်း အမွေခံ ဗိုလ်သိန်းစိန်က ဒီမိုကရေစီဖေါ်ဆောင်ရေး မိန့်ခွန်းတော်ကြီး ချွေသွားတယ်။ အတော်များများ အငိုက်မိ သလို ကြိုက်မိတယ် ဆိုကြတယ်။ တချို့ကတော့ အချောင်နှိုက်ဖို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အလိုက်သင့်ဟောကြ၊ောကြတာပါ။

ကြိုက်မယ်ဆိုလဲ ကြိုက်စရာ၊ ဗိုလ်သိန်းစိန်က မဆလရဲ့ နောက်ဆုံး သမတ ဆိုတဲ့ စစ်ကျွန်ပညာရှင် ဒေါက်တာ မောင် မောင် လို အေးအေး အေးအေးနဲ့ ဒီမိုကရေစီလေချိုလေး သွေးသွားတယ်။ ပေါက်ပေါက်ဖေါက်သလို စကားလုံး လှလှ လေးတွေ ပစ်သွားတယ်။ လူမျိုးစုတွေအရေးလဲပါ။ တိုင်းသူပြည်သားတွေရဲ့ အရေးလဲမကျန် အကုန်ထဲ့ပြောသွားခဲ့တယ်။ ဒေါက်တာ မောင်မောင် တုန်းကလဲ ဒီလိုပါပဲ။ ဒီလောက်လေးမှ မစောင့်နိုင်ကြတော့ဘူးလား၊ သမဂ္ဂကြီးကို ပျော်ပျော်ပါး ပါး အုပ်မြစ်ချရအောင်ဆိုပြီး ရှေ့မှာလေချိုသွေး။ နောက်မှာ စစ်တပ်ကို အသုံးချဖို့ပြင်နဲ့ နောက်ဆုံး ဘုန်းကြီးရဟန်း မ ကျန် ပစ်သတ်နှိပ်ကွပ်ပြီး စစ်တပ်အာဏာသိမ်းတယ်ဆို လုပ်သွားခဲ့တာပဲ။

သူ့မိန့်ခွန်းထဲက တောတွင်းလက်နက်ကိုင် လူငယ်လေးတွေက သူတို့လည်း ကွန်ပြူတာလက်တော့ (Lap-talk) ကိုင်ချင် တယ်ဆိုတော့ သူအတော်စိတ်မကောင်း ဖြစ်မိတယ်ဆိုတဲ့ အလုံးကတော့ လူအများကို အတော်ထိ၊ တိုင်းရင်းသားတွေကို အတော်ဘ၀င်ခိုက်စေမယ့် စကားပဲ။ အရင်က သောင်းကျန်းသူ အဖျက်သမားလို့ အပုတ်ချနေသူတွေဆီ ဒီစကားမျိုး ထွက်လာတာကိုး။ ဒါပေမဲ့ လူမျိုးစုပြဿနာကို အဖြေရှာရေးကြတော့ အဆင့် (၃) ဆင့်နဲ့ သွားမယ်လို့ ကြိုးရှည်ရှည်နဲ့ လှန်လိုက်သလို ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပါတ်သက်ပြီးတော့လည်း ဝေ့လည်ကြောင်ပတ် လုပ်သွားပြန်တယ်။ သူကော ဦးစီးချုပ်ကော ရပ်ဖို့အမိန့်ပေးပါလျှက် ဘာကြောင့်များ တိုက်ပွဲတွေဆက်ဖြစ်နေရပါလိမ့်မစားရ ၀ခမန်းပါပဲ။

လက်တော့ မကိုင်နိုင်တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ သမတကြီးက ထမင်းနပ်မှန်ောင် မစားရတဲ့ လူ ထုတွေ၊ ပညာသင်ခွင့်မရကြတဲ့ ကလေးလူငယ်တွေ၊ မဝရေစာနဲ့ အလုပ်လုပ်နေကြရတဲ့ တိုင်းတပါးကုမ္မဏီပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံ အလုပ်သမလေးတွေ၊ ကိုယ့်ဘိုးဘွား လယ်ယာတွေကို ခြံခတ်အသိမ်းခံနေတဲ့ သိန်းသန်းချီတဲ့ လယ်သမား တွေအတွက်တော့ သနားစရာ ဂရုဏာ မကျန်တော့ဘူး ထင်တယ်။

လူထုလိုချင်တာက ထမင်းနပ်မှန်မှန် စားရရေးပါ၊ ဇိမ်ခံကားဈေးတွေကျတာ သူတို့ စိတ်မ၀င်စားပါဘူး၊ သူတို့နဲ့ မဆိုင်ပါ ဘူး၊ သူတို့ထမင်း သူတို့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား ရှာဖွေစားသောက်ခွင့်ပါ။ သူတို့ ထမင်းလုပ်ကို လုယက်နေ တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါ ကုမ္မဏီတွေရဲ့ ဗိုလ်ကျမှုကို ခုခံကာကွယ်ခွင့် ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်း ပြည်တွေမှာ သန်းချီရှိနေကြတဲ့ ကျားမအစုံ အလုပ်သမားတွေက ကိုယ့်တိုင်းပြည်ထဲမှာ ဒီလိုအခွင့်အရေးတွေ မရနိုင် တော့လို့ သူတပါးဆီမှာ မတန်တဆလုပ်ခနဲ့ အဖိနှိပ်ခံ၊ ဗိုလ်ကျခံပြီး အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

ဒီလို ဒုက္ခဘုာံး ပြည်သူအများအတွက်တော့ သမတကြီးရဲ့ ဂရုဏာက မရွာမစွေ ခေါင်းပါးချို့တဲ့ဟန်တူတယ်။

နောက်ရယ်ရခက် ငိုရခက်တဲ့ သမတကြီးရဲ့ စကားကတော့ Rule of law ဥပဒေစိုးမိုးရေးနဲ့ အခြေခံဥပဒေပြုပြင်ရေး ဆို တာပဲ၊ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေကိုတောင် လွှတ်မပေးနိုင်သေဲး ဥပဒေစိုးမိုးရေးဆိုာတော့ သား သတ်သမား ဘိန်းစား မယားခိုး လူလိမ်က ငါးပါးသီလပေးနေသလို ပါပဲ။ ပြီးတော့ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ရအောင်တဲ့။ ဒါလနှုတ်သီးအရှည်ကို ပန်ကန်ပြားနဲ့ကျွေး တပြန် နှုတ်သီးအတိုကို ၀ါးကျည်တောက်နဲ့ကျွေးတဲ့ မြေ ခွေနဲ့ ငှက်ကျားပုံပြင်ထဲကလို ကျွေးတော့ ကျွေးတယ်၊ ဒါပေမဲ့ စားမရအောင်ကျွေးတာပဲ။

သမတကြီး နောက်ဆုံးအလေးပေး ပြောသွားတာကတော့ အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းပေးရေးပါ။ နိုင်ငံတ ကာက အလှူငွေတွေပေးကြပါ ဆိုတာပါပဲ။ အလှူငွေ တဒေါ်လာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်လှန်ကျ မသွားအောင် ကူနိုင်တယ်ဆိုပါလား။ ဒီလိုဆိတော့ အရေးယူပိတ်ဆို့ထားတာတွေ မလုပ်ယင်၊ နိုင်ငံတကာက အလှူငွေ တွေမပေးယင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ကြောင်းပြန်လှည့်မယ်လို့ တဖက်လှည့်နဲ့ ခြိမ်းခြောက်တာများ လား။ ဗမာလူထုကြီးနဲ့ သူတို့လိုလားချက် ဒီမိုကရေစီကို လဲအလယ် ပြန်ပေးဆွဲခံထားရသလိုပါပဲလား၊

ာ် ဒုက္ခ .. ဒုက္ခ သံသရာဝန်လေးလှချေတကား။

နိဂုံးချုပ်ရရင် ဗိုလ်သိန်းစိန်ရဲ့ ဒီမိုကရေစီ ရွှေနားတော်သွင်း ဧချင်းက ကောင်းတော့ကောင်းပါ၏။ သို့သော်…

ဗိုလ်နေ၀င်းရဲ့ မဆလခေတ်ဦးတုန်းက ဘုန်းကြီးတပါးက မဆလပါတ်ီရဲ့အညမည သဘောတရားစာအုပ်ကို ဖတ်မိပြီး ကောင်းလိုက်တာ၊ ဘယ်ဘုန်းကြီးလူထွက် ရေးထားတာပါလိမ့်လို့ ဆိုသတဲ့၊ ကောင်းမှာပေါ့ အကောင်းတွေချည်း ကူး ချထားတာကို၊ လက်တွေ့လုပ်ဖို့မှ မဟုတ်ဲ၊ ဒီလိုနဲ့ အဲဒီအကောင်းချည်း ပြပြီး ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်လိုက်ကြတာ ၂၆ နှစ်လည်းကြရော တိုင်းပြည်လဲ လူမွဲစာရင်းဝင် လူထုလဲဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ် ကျန်ခဲ့တယ်။

အခုလည်း ဗိုလ်သိန်းစိန် တို့က နတ်သံနှောလို့ တကျော့လာပြန်ပြီး တဒေါ်လာလှူယင် ဒီမိုကရေစီနောက်ကြောင်းပြန် မလှည့်တော့ဘူးတဲ့။ ကောင်းတော့ ကောင်းပါ၏ ဒါပေမယ့် လက်တွေ့မပါ၊ အပြောတွေချညိးုတော့ အဆန်မပါတဲ့ ရေပေါ် လေ၀ဲတဲ့ စပါးခွံတွေလိုပဲ မြင်မိတယ်။

ရဲဘော်ကျော်သန်း

8 comments :

Anonymous said...

LAP TOP ကို ဒီလိုရေးပါတယ်။ Lap talk မဟုတ်ပါဘူးကွယ်.. ကိုစာရေးဆရာတို့ ရယ်

Anonymous said...

You may be right about it however please realise that you are in the sinking boat.

Anonymous said...

The Teacher is Nay Win
The Right Arm is Khin Nyunt
The New Genetation is Than Shwe
Thein Shein

They all are the Military Gangsters who destroyed our country for 50 years,making the richest in country
in Asia(1960)to become the poortest in the world.

The worst remarkable history in Burma.

ကျော်ဇေ said...

ရဲဘော်ကျော်သန်း
ခင်ဗျားရဲရဲတောက်စာတွေကို အရင်အခြေအနေတုံးကတော့ သည်းခြေကြိုက်ခဲ့တာ အမှန်ပါ။ အခုအခြေအနေမှာတော့ ခင်ဗျားအတွေးတွေ စာတွေဟာ ကိုယ်တိုင်မပါဝင်ရတဲ့ ဖြစ်စဉ်အတွက် စပျစ်သီးချဉ်နေရုံမျှသာ ဖြစ်ကြောင်း သဘောပေါက်လာပါတယ်။ အရင်က အခြေအနေတုံးက တိုင်းပြည်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက် ဟာ တိုင်းပြည်မှာ ဒီလို issues တွေရှိတယ်ဆိုတာကို ၀န်ခံဖို့တောင် မဖြစ်နိုင်ရာကနေ။ ဒါတွေရှိနေကြောင်း အသိမှတ်ပြုရုံမက ပြုပြင်ပြောင်းလဲဖို့ပါ ကြိုးစားနေကြောင်း ရှင်းလင်းစွာ ချပြလာတဲ့ဟာကို မကြိုဆိုပဲ နေလို့မရပါခင်ဗျား။ လေထဲမှာပဲပြောတာလား အလုပ်မပါဘူးလားဆိုတာတော့ ခင်ဗျားလဲ မျက်စိပါတာပဲ ဦးနှောက်ရှိတာပဲ၊ ကျန်တဲ့သူတွေမြင်သလိုတော့ မြင်မိမယ်ထင်ပါတယ်။ မမြင်မိရင်တော့ ခင်ဗျား အပြင်မှာ နှစ်ပေါင်း ၂၀ကျော် လှုပ်ရှားခဲ့သမျှ အခုမှ ထောင်က ထွက်လာတဲ့ ကိုမင်းကိုနိုင် .. ကိုကိုကြီးတို့ မြင်သလောက်တောင် မမြင်နိုင်တဲ့အတွက် ခင်ဗျားကိုယ်ခင်ဗျား တခုခုမှားနေလောက်ပြီဆိုတာ ပြန် သုံးသပ်ဖို့သင့်နေပြီ.. အမှန်က မင်းကိုနိုင်၊ကိုကိုကြီးတို့ ထောင်ထဲနေခဲ့ရတဲ့နှစ်ပေါင်း ၂၀နီးပါး အချိန်တွေနဲ့ ခင်ဗျား အပြင်မှာ လုပ်ချင်တိုင်းလုပ်နေခဲ့ရတဲ့ အချိန်တွေ လဲဖို့တောင် မတန်ဘူး...

KKK said...

I like it very much. Ko Kyaw Than.....you are a genuine commentator and genius one. Excellent job!

KKK said...

Ko Kyaw Than,

I totally agree with you. Their ( junta) tones and words might have changed, but not their mentality. Khway Myee Kauk Khi Taut Sut. They will never ever change.

ssthu said...

ဟုတ်ပါတယ် laptop နဲ့  lap talk မှားတာကြီး က တော့  တော်တော့  ကို အရုပ်ဆိုးလွန်း ပါတယ်။ အစိုးရဘက် က လူတွေထောက်ပြမယ်ဆိုရင် တော်တော် အရှက်ရစရာကြီးပါ။ ဒါလေးတောင် မသိဘဲနဲ့ စကားကြီးစကားကျယ်တွေ ပြောနေ ကြ ပါ လာ ဆို ပြီး blog ရဲ့ သိက္ခာ ကို ပါ ထိခိုက် နိုင် ပါတယ်။ မမှားသင့် တဲ့ အမှားတစ်ခုပါ။ စာရိုက်မှားတာ မဟုတ်ပါဘူး။မသိလို့ ကို မှားတဲ့ အမှားကြီးပါ။ ကိုမိုးသီးဇွန် ခင်ဗျား..တချိန်တုန်းက အစ်ကိုပြောခဲ့ ဘူးပါတယ်။ မြန်မာ ဖြစ်ပြီး မြန်မာလို မရိုက်တတ်ရင် ရှက် ဖို့ အလွန် ကောင်းပါတယ် လို့  အစ်ကိုပြောဘူးပါတယ်။ အခုလဲ ဒါလေးတောင်မသိပဲ နဲ့  အစ်ကို့ ရဲ့ blog မှာ တက်ရေးနေတာမျိုးလဲရှက် ဖို့ ကောင်းပါတယ် လို့  ပြောချင်ပါတယ်။ ကျနော် က အစ်ကို့ blog ရဲ့  ပရိတ်သတ်ပါ။တဖက်လူ က မထောက်ခင် မှာပြန် ပြင် နိုင်အောင်ကြိုးစားစေချင်ပါတယ် ။

Anonymous said...

Laptop ရေးတာမှားတာများကွ ကြီးကြီးကျယ်ကျယ်ပြောနေကြတယ်....အဲဒါဗမာစကားလည်းမဟုတ်ဘူး..အင်္ဂလိပ်စကား...ဗမာစကားသာ မမှားရလေအောင် သတိထားကြပေါ့..ဟုတ်ပြီလား
'ကိုမိုးသီးဇွန် ခင်ဗျား..တချိန်တုန်းက အစ်ကိုပြောခဲ့ ဘူးပါတယ်။" ပြောခဲ့ဘူးတာမဟုတ်ဘူး..ပြောခဲ့ဖူးတာပါ။