Monday 19 March 2012

ဒေသခံ ၅၀၀ခန့်ကြိုဆိုခဲ့သော ကြံ့ဖွတ်ဝန်ကြီးဦးအောင်သောင်းရဲ့ ပြည်ဦးလွင်စည်းရုံးရေးခရီး။

ကြံဖွတ်ဝန်ကြီးကို ပြင်ဦးလွင်ဒေသခံတရုပ်အမျိုးသမီးတို့မှကြိုဆို(အင်္ကျီအဝါ၊ဘောင်းဘီအမည်း)
ပြန်ကြားရေးဝန်ကြီးရဲ့တပည့်ကျော် မြတ်ခိုင်အင်တာဗျူးမှာ ဖြေခဲ့တဲ့ ကြံဖွတ် ဝန်ကြီးကို ပြင်ဦးလွင်ဒေသခံ လူဦးရေ(၅၀၀)ခန့်ကြိုဆိုတက်ရောက်ခဲ့တယ်လိုသိရပါတယ်။ ဦးအောင်သောင်းကNLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ်မှာပြည်သူတွေ သောင်းချီ၊သိန်းချီကြိုဆိုကြတာနဲ့ပါတ်သက်ပြီး
" ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။" ပြောခဲ့ပေမယ့်သူရဲ့စည်းရုံးရေးခရီးစဉ်မှာတော့လူဦးရေ ထောင်ဂဏန်းမကျော်တာကိုတွေ့မြင်ရပါတယ်။ ဦးအောင်သောင်းရဲ့မဲဆွယ်ဟောပြောပွဲဟာကျယ်ပြန့်တဲ့ဘောလုံးကွင်း၊လယ်ကွင်းတို့မလိုအပ်ဘဲ သာမာန်ယာယီမဏ္ဍပ်နဲ့အဆင်ပြေကြောင်း ဓါတ်ပုံများက သက်သေပြနေပါတယ်။

ပန်းတွေနဲ့ဝေနေတဲ့ ကြံဖွတ်ဝန်ကြီး၏မဲဆွယ်စည်းရုံးရေးမှတ်တမ်းပုံများ  
photos: The Voice Weekly
 

3 comments :

Anonymous said...

ခွေးသတောင်းစား အောင်တောင်း

Anonymous said...

Har har har .....LOL !!! :)
May be his funds are running out to pay the public(dalan)to pretend as it is very crowded . Nowaday, it will be count under his account according to changes of government policy .:P

Anonymous said...

တ၇ုတ်အားကို ပုဆိန်၇ိုး သူခိုး ကြံ့ဖွတ် အဖွဲ့အား ဆန့်ကျင်ကြ။ ။