သမ္မတကြီးထံ
ဖခင်အတွက်တောင်းဆိုချက်
စိတ်ကျမ္မာရေးဆေးရုံကို ပို့ခံထားရထားတဲ့ဦးအောင်မြင့်(ဘိုကလေး)
ကျွန်မအဖေက
စိတ်ပေါ့သွပ်နေတဲ့သူတယောက်မဟုတ်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့နဲ့
ပြည်တွင်းစစ်လုံးဝရပ်စဲပေးဖို့တောင်းဆိုနေတဲ့ သူတယောက်ပါ။ ဒီလိုအပြစ်ရှာမရတဲ့
လူတယောက်ကို အရူးထောင်ကို ပို့လိုက်ရအောင် ကျွန်မတို့မြန်မာနိုင်ငံက ဒီလို
အခြေအနေဖြစ်နေပြီလားလို့တောင် ဝေခွဲမရဖြစ်နေပါတယ်။ ဒီစိတ်ကျန်းမာရေးဆေးရုံကို
လက်နက်သဖွယ်အသုံးပြုနေတာဟာလည်း
ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တခုပါ။ ကျွန်မအဖေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်းဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ရှိနေပြီလို့ကြွေးကြော်ခဲ့တဲ့သမ္မတကြီးဦးသိန်းစိန်နဲ့
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရရွှေမန်းတို့ကို ဦးအောင်မြင့်ရဲ့
သမီးတယောက်အနေနဲ့တောင်းဆိုချင်ပါတယ်။
နှင်းထက်ထက်အောင်
၃.၂.၂၀၁၂ တွင်
နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန်
ဆန္ဒဖော်ထုတ်တောင်းဆိုနေသောကာလသက်တမ်း ၂ လပြည့်ခဲ့ပြီ......................................
ကျန်ရှိနေသေးသော
နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန်
အကျဉ်းသားဝတ်စုံဝတ် သံခြေကျင်းခတ်အနေအထားဖြင့် ဆန္ဒဖော်ထုတ် တောင်းဆိုနေသော
ဦးအောင်မြင့် ( ဗိုလ်ကလေး)
No comments :
Post a Comment