Wednesday 21 March 2012

ကြံ့ဖွတ်တို့နည်းမျိုးစုံနဲ့ညစ်တော့မယ်။


 
ဒီကနေ့ကြားရတဲ့ သတင်းတပုဒ်အရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြံဖွံ့ပါတီဗဟို ဦးစီးအဖွဲ့ဝင်တွေ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစည်းအဝေးတခု လုပ်တယ်လို့ သိရပါတယ်။ အစည်းအဝေးရဲ့ အဓိကဆုံးဖြတ်ချက်တွေကို အသေးစိပ်မသိရပေမဲ့။ ကြားဖြတ်/လစ်လပ် ရွေးကောက်ပွဲမှာ အဓိက ပါဝင်ယှဉ်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စာလှယ်လောင်းတွေထဲက မည်သည့် ကိုယ်စှာယ်လောင်းကို အနိုင်ပေးမယ်...။ မည်သည့်ကိုယ်စာလှယ်လောင်းကို ချန်ထားခဲ့မယ် စသည့် ကိစ္စများကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ အတိအကျသိရတဲ့ အချက်ကတော့ နေပြည်တော်က မဲဆန္ဒနယ်တခုမှာ ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကိုဇေယျာသော်ကို ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ လွတ်တော်ထဲ လုံးဝမရောက်အောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။(ဘယ်လိုလုပ်မယ်ဆိုတာ အတိအကျမသိပါ)။ နောက်တခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလ လှုပ်ရှားမှု့ အသေးစိပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွတ်တော်ကိုယ်စာလှယ်လောင်းတွေရဲ့ မဲဆွယ်ပုံ ၊ ငွေကြေးသုံးစွဲမှု့ နဲ့ နေ့တူဝ လှုပ်ရှားမှု့တွေကို အသေးစိတ်ာင့်ကြည့်ဖို့ အဖွဲ့ငယ်တွေဖွဲ့စည်းပေးထားတယ်လို့သိရပါတယ်။ နောက်တခုကတော့ ၎င်းတို့ကြံ့ဖွံ့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်တောင် လူမြင်ကောင်းအောင် မီဒီယာအပြ စည်းရုံးလှုပ်ရှားမှု့တွေကို စတင်လုပ်ဆောင်ကြဖို့ စတာတွေ ဆွေးနွေးညှိုနှိုင်းကြတယ်လို့ သိရပါတယ်။ (ကျွန်တော့် သုံးသပ်ချက်ကတော့ ဒီကောင်တွေဟာ လာမဲ့ ကြားဖြတ်/လွတ်လပ် ရွေးကောက်ပွဲမှာ ကမ္ဘာက အမြင်ကောင်းအောင် တန်ပြန်ဥပဒေတွင်းတိုက်ပွဲ ပုံသဏ္ဍာန်မျိုးနဲ့ အတိုက်အခံပါတီက လွတ်တော်ကိုယ်စာလှယ်တွေ ရွေးကောက်ပွဲမှာ နိုင်သွားခဲ့ရင်တောင် သူတို့မနိုင်စေချင်တဲ့ ကိုယ်စာလှယ်ဆိုရင် တရားဆွဲဆို ဖြုတ်ချဖို့ ပြင်ဆင်နေတယ်လို့ သုံးသပ်ပါတယ်။)

 အောင်မင်း fb မှ

No comments :