Friday 9 March 2012





*အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့ တရုတ်ကွန်မြူနစ်ပါတီ
နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Shen Beili နှင့်အဖွဲ့
လာရောက်တွေ့ဆုံ။*




တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Shen
Beili နှင့်အဖွဲ့ သည် အမျိုးသားဒီိမိုကရေစီအင်အားစုပါတီဌာနချုပ်သို့
ယနေ့နံနက်(၁၁း၀၀)နာရီက လာရောက်တွေ့ဆုံပါသည်။ ထိုတွေ့ဆုံပွဲသို့
အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ပါတီဥက္ကဌ
ဒေါက်တာသန်းငြိမ်း၊ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ ဘဏ္ဍာရေးမှူးဦးကြည်သန်း၊
ဗဟိုအလုပ်ကော်မတီဝင်များ ဖြစ်ကြသော ဦးနေမင်းကျော်၊ ဦးတိုးတိုး၊
ဦးကျော်ဖေယျာဝင်းတို့ တက်ရောက်ကြပါသည်။

         Ms. Shen Beili က တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် နိုင်ငံတကာရှိ
တရားဝင်နိုင်ငံရေးပါတီများနှင့် အဆက်အသွယ်ပြုလုပ်ဆက်ဆံနေသည်မှာ ပါတီပေါင်း ၆၀၀
ကျော် ရှိပြီဖြစ်ကြောင်းနှင့် ယခုပထမဆုံးအနေနှင့် မြန်မာနိုင်ငံရှိ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တရားဝင်အဆက်အသွယ်ပြုလုပ်ရန်အတွက်
လာရောက် ခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေနှင့်
မြန်မာနိုင်ငံပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွက်ဖက်လိုသော ဆန္ဒ
မရှိပါကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ်တိုးတက်နေသည်ကိုသာ မြင်လိုပါကြောင်းဖြင့်
ပြောကြားပါသည်။

         ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်းမှ မြန်မာ့အိမ်နီးနားခြင်းနိုင်ငံတခု၏
နိုင်ငံရေးပါတီတစ်ခုအနေဖြင့်ယခုလို တရားဝင်လာရောက်ဆက်သွယ်ခြင်းကို
ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုး
တက်ရေးဟာ မြန်မာနိုင်ငံတင်မက အိမ်နီးချင်းတရုတ်နိုင်ငံနှင့်တကွ ဒေသတစ်ခုလုံး၏
အကျိုးစီးပွားများနှင့် ဆက်စပ်နေပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်
မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်
အတတ်နိုင်ဆုံးအကူအညီပေးသွားမည်ဆိုခြင်းကို ၀မ်းသာအားရဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုတ်နှံမှုများပြုလုပ်သည့်အခါ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်အဆင်မြင့်နည်းပညာသုံးလုပ်ငန်းများ ကို
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုတ်နှံရန် လိုအပ်ပါကြောင်း၊
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် အစိုးရ မဟုတ်သည့်အတွက်
နိုင်ငံအတွက်လိုအပ်ချက်များကို ဆုံးဖြတ်ချက်မချနိုင်သော်လည်း
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ အကြား ပြောစရာဆိုစရာများရှိလာပါက
ဆက်သွယ်ပြောဆိုရန်အတွက် ပါတီအနေဖြင့်အဆင်သင့်ရှိပါကြောင်း  စသဖြင့်
ပြောဆိုခဲ့ပါသည်။

         ထိုနောက် မြန်မာ့နိုင်ငံရေးအခြေအနေပေါ် အမြင်သဘောထား၊
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ အကြောင်း၊
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဖြစ်ပေါ်လာပုံနှင့်
လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောဆိုကြပြီး
တွေ့ဆုံပွဲကို နေ့လည် ၁း၀၀နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။
Type your summary here. Type the rest of your post here.

No comments :