Monday 12 March 2012


 မဲစာရင်းပြင်ဆင်ရန်အတွက် ရက်တိုးမပေးနိုင်ကြောင်း တိုင်းကော်မရှင်ဥက္ကဌပြောပြီ။



မဲစာရင်းပြင်ဆင်ခွင့်ရှိသည့်ရက်တိုတောင်းသဖြင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏တင်ပြချက်များ၊ပြောဆိုမှုရှိနေသော်လည်းမဲစာရင်းပြင်ဆင်ရန်အတွက်ရက်ထပ်မံပြီးတိုးမြှင့်ပေးနိုင်ခြင်းမရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောဆိုလိုက်ကြောင်းသတင်းရရှိသည်။

 မဲစာရင်းပြင်ဆင်နိုင်ခွင့်ဥပဒေမှာ(၇)ရက်လို့ ပြဌာန်းထားတဲ့အတွက်ကျွန်တော်တို့ကထပ်တိုးပေးလို့မရပါဘူး။ဥပဒေက ပြဌာန်းပြီးသားဖြစ်တဲ့အတွက် မိမိသည်ဥပဒေနည်းနှင့်အညီ ဆောင်ရွက်မှုသာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

မကြာခင်ကျင်းပတော့မည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအနေဖြင့်မိမိတို့ဌာနဂုဏ်သိက္ခာကိုထိမ်းသိမ်းပြီးမျှမျှတတပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ဝန်ကြီးဌာနများ၊အဖွဲ့အစည်းများတွေဆုံမှုတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးမှပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှတရားမျှတမှုရှိစေရန်အတွက်ပြောဆိုခဲ့သော်လည်းမဲဆန္ဒနယ်မြေအသီးသီးတွင် အသက်မပြည့်သေးသူများ၊ကွယ်လွန်ပြီးသူများ မဲပေးပိုင်ခွင့် စာရင်းတွင်ပါနေခြင်း။ လူပေါင်းထောင်နှင်ချီပြီး မဲပေးပိုင်ခွင့်စာရင်းမှပျောက်ဆုံးနေခြင်း ဖြစ်ပေါ်နေသည်။ 

ရပ်ကွက်ကျေးရွာများတွင်လည်းမဲစာရင်းကိုသတ်မှတ်ရက်ထက်(၂)ရက်နောက်ကျပြီးစာရင်းကပ်မှုအများရှိကြောင်းကို လွှတ်တော်ကိုယ်စားများကတင်ပြခဲ့သော်လည်းရန်ကုန်တိုင်းလွှတ်တော်ကော်မရှင်ဥက္ကဌကမဲစာရင်းပြင်ဆင်ခွင့်ရက် ထပ်တိုးမပေးနိုင်ကြောင်းပြောဆိုလိုက်မှုကြောင့် ကျင်းပတော့မည့်ကြားဖြတ်ဖြတ်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်းပြောဆိုနေကြသည်။





No comments :