Tuesday 13 March 2012


နိုင်ငံတော်သူခိုးကြီးများမှ မီဒီယာကိုတရားစွဲ



TheVoiceဂျာနယ်မှထုတ်ဝေသူနှင့်သတင်းရေးသူအားသတ္ထုတွင်းဝန်ကြီးဌာနမှတရားစွဲကြောင်းကို အစိုးရပိုင်သတင်းစာတွင်ဖေါ်ပြထားသည်။
TheVoiceဂျာနယ်အတွဲ(၈)၊အမှတ်(၁၃)တွင်"ဝန်ကြီးဌာနအချို့၏ကျပ်သိန်းထောင်ချီအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ"ဟုသောသတင်းတွင်သတ္ထုတွင်းဝန်ကြီးဌာနရရဲ့သတင်းရေးသားမှုတွင်မှန်ကန်မှုမရှိသောကြောင့်တရားစွဲခြင်းဖြစ်သည်။TheVoiceဂျာနယ်တည်ထောင်သူသည်ယ္ခင်စစ်အစိုးရနှင့် နီးနီးကပ်ကပ်ရှိခဲ့သူတဦးလည်းဖြစ်ခဲ့သောကြောင့် ယ္ခုအမှုကို ပြည်တွင်း၊ပြည်ပ မီဒီယာများမှ အထူးစိတ်ဝင်စားလျက်ရှိကြသည်။ 
မီဒီယာလွတ်လပ်ခွင့်များရှိနေပါပြီဟု ကြွေးကြော်နေသောတနှစ်သားအရပ်သားအစိုးရသည်တိုက်ပွဲများဖြစ်ပေါ်နေသော တိုင်းရင်းသားဒေသ၏အခြေအနေမှန်သတင်းများ၊ တရုပ်နှင့် အကျိုးတူလုပ်ကိုင်လျက်ရှိသည့် သတ္တုတူးဖေါ်ရေးမိုင်းလုပ်ငန်းများ၊ရေကာတာစီမံကိန်းများ၊သဘာဝဓါတ်ငွေ့ပိုက်လိုက်စီမံကိန်းများအကြောင်းကို ပြည်တွင်းမီဒီယာများမှ လွတ်လပ် ရေးသားဖေါ်ပြခွင့်မပြုသေးပေ။

No comments :