Tuesday 13 March 2012

ငြိမ်းချမ်းရေးလက်ဆောင်က ထောင်ဒါဏ်တသက်နှင့် ( ၃ ) နှစ်။



ဒီကနေ့မတ်၁၃အင်္ဂါနေ့လယ်ကအင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားသူကြီးဦးလှဝင်းရုံးကနေ KNUဗဟိုကော်မတီဝင်ပဒိုမန်းငြိမ်းမောင်ကိုမတရားအသင်းဆက်သွယ်မှု၁၇(၁)ပုဒ်မနဲ့ ထောင်ဒဏ် ၃နှစ်၊ နိင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှုတွင် ပါဝင်ကျူးလွန်မှုပုဒ်မ၁၂၂(၁)နဲ့ ထောင် ဒဏ်တသက်တကျွန်းချမှတ်လိုက်တယ်လို့အမှုကိုလိုက်ပါ ဆောင်ရွက် ပေးတဲ့တရားလွှတ်တော် ရှေနေ့ ဦးကြီးမြင့်က ဘီဘီစီကို ပြောကြားလိုက်သည်။

ဖဒိုမန်းငြိမ်းမောင်အဖမ်းခံရပြီးနောက်KNU နှင့် ငြိမ်းချမ်းရရှိအတွက်မီးရထားဝန်ကြီးအောင်မင်းမှ ငြိမ်းရေးဆွေးနွေးရန်အကြံဥာဏ်များ ရယူခဲ့သည့်အပြင်စတင်တွေ့ဆုံခဲ့သောဘာအံ့မြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ဖဒိုမန်းငြိမ်းမောင်အောင် အားငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပေးအပ်မည်ဟု ပြောဆိုခဲ့သေးသည်။


No comments :