ကြံ့ဖွတ်ခြိမ်းခြောက်မှုအား
အမှုဖွင့်တိုင်ကြား
မင်္ဂလာတောင်ညွှန့်မြို့နယ်၊မင်္ဂလာတောင်ညွှန့်ရပ်ကွက်ဝန်ထမ်းအိမ်ရာလိုင်းအမှတ်(၁၅)၊အခန်း (H)နေ မင်္ဂလာတောင်ညွှန့်ကြံ့ဖွတ်ပါတီဝင်မြို့နယ်အဆင့်ရှိသူဦးဝင်းလှိုင်မှ၇.၃.၂၀၁၂ ရက်နေ့ညနေ၃နာရီ၊၃၀အချိန်ခန့်တွင်ဝန်ထမ်းအိမ်ရာလိုင်းအမှတ်(၁၃)၊အခန်း(H)နေ ဒေါ်သန်းသန်းဌေး၏သားဖြစ်သူသည်NLD
ပါတီတွင်တက်ကြွစွာပါဝင်ဆောင်ရွက်နေမှုအားရပ်ကွက်ဓမ္မာရုံသို့
ခေါ်ဆောင်ပြီးခြိမ်းခြောက်ခဲ့သည်။
ဒေါ်သန်းသန်းဌေးအေး၏သားဖြစ်သူသည်NLDပါတီတွင်ပါဝင်ပြီးတက်ကြွစွာလှုပ်ရှားမှုများကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ထားကြောင်းထိုသို့NLDပါတီတွင်ပါဝင်လှုပ်ရှားမှုကြောင့်ဝန်းထမ်းလိုင်းခန်းမှ
နှင်ထုတ်ခံရပြီးရခိုင်သို့ပြန်ရမည်ဖြစ်ကြောင်း၊အရက်မူးလွန်လျင်ထောင်(၇)ရက်သာကျမည်၊
နိုင်ငံရေးလုပ်လျင်ထောင်နှစ်ဘယ်လောက်ကျမည်မသိကြောင်း၊ကြံ့ဖွတ်ပါတီဝင်ဖြစ်ပါကရွေးကောက်ပွဲနိုင်လျင်
ငွေထုတ်ချေးမည်ဖြစ်ကြောင်း
ခြိမ်းချောက်သတိပေးခဲ့သည်။
အဆိုပါခြိမ်းခြောက်မှုကိုအသိသက်သေ(၈)ဦးရဲ့လက်မှတ်နှင့်အတူဦးဝင်းလှိုင်၏ခြိမ်းခြောက်မှုသည်
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ၆၅(က)အရဲအရေးပိုင်မှုဖြစ်သောကြောင့်မင်္ဂလာတောင်ညွှန့်မြို့နယ်
ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းသတင်းရရှိသည်။
No comments :
Post a Comment