Saturday 10 March 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောရန်အတွက် မော်လမြိုင်သားတို့ပြင်ဆင်နေ (Photo: Facebook )
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ် (၁)

မတ်လ ၁၀ ရက်၊ ၂၀၁၂ ၊ နံနက် ၁၂ နာရီ

ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင် တွင်ဆိုက်ရောက်ကြကာ နေ့လည်စာစားပြီး နာရီဝက်ခန့်ရပ်နားမည်ဟု လိုက်ပါသတင်းယူသည့် ၀ိုင်ပီအိုင်သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်ဧရိယာ အစဖြစ်သည့် စစ်တောင်းတံတား အဆင်းတွင် မွန်ပြည်နယ်မှ လာရောက် ကြိုဆိုသူ လူ ၃၊ ၄ ရာဝန်းကျင် တွေ့ရှိရကြောင်း သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားပြီး မနက်ဖြန် နံနက်၉နာရီတွင်လူထုဟောပြောပွဲကို မော်လမြိုင်မှကျိုက်မရောမြို့သို့သွားသည့်ကားလမ်းပေါ်ရှိ၆မိုင်ကျေးရွာဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ညတွင်ေးဒ်ါအောင်ဆန်းစုကြည်တည်းခိုရာကမ်းနားဟိုတယ်တွင် မော်လမြိုင်မြို့မှ နိုင်ငံရေးပါတီအချို့၊မြို့မိမြို့ဖများနှင့် ညစာစားသောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။ 

 
Type your summary here. Type the rest of your post here.

No comments :