Monday 12 March 2012

ယနေ့လွှတ်တော်အတွင်းဝင်ရောက်လေ့လာနေသော  ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။
( Photos- Thiha Thwe)


ဒေါ်အောင်ဆန်းစုကြည် ပြည်သူလွှတ်တော် အစည်းအဝေးသို့ တတ်ရောက်လေ့လာ
ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်၈နာရီ၄၅မိနစ်တွင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်နှင့်၎င်းကိုးနာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ၎င်း သီးသန့်တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ 
လွှတ်တော်ဥက္ကဋ္ဌများနှင့်သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၁၂ရက်မြောက်နေ့အစည်းအဝေး ကျင်းပပုံကိုမိနစ်၅၀နီးပါးကြာတက်ရောက်လေ့လာခဲ့ပြီး၁၀နာရီ၅၅မိနစ်အချိန်တွင် နေပြည်တော်လွှတ်တော် ခန်းမ အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

No comments :