Saturday 10 March 2012



 KIOအဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပြီးဆုံး
photo : AP
KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် တရုပ်နိုင်ငံရွှေလီမြို့တွင်၃ရက်ကြာ တွေဆုံဆွေးနွေးခဲ့ကြပြီးယနေ့ညနေ၂နာရီမိနစ်၃၀တွင် ပြီးဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူလက်မှတ်ရေးထိုးနိုင်မှုတစုံတရာမရှိဘဲအချက်(၅)ချက်ပါဝင်သောသဘောထားထုတ်ပြန်ချက်ဖြင့် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။  

အဆိုပါသဘောတူညီချက်များမှာ
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် ကေအိုင်အိုဗဟိုကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အားရကျေနပ်မှုရှိပါသည်။
၂။နှစ်ဖက်ဆွေးနွေးမှုမှာတစ်ကြိမ်ထက်တစ်ကြိမ်တိုးတက်မှုများဖြစ်ထွန်းလာပြီးယုံကြည်မှုများပိုမိုတည်ဆောက်နိုင်ခဲ့ပါသည်။
၃။ဆွေးနွေးမှုမှ ဆက်လက်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
၎။နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ရလာဒ်အဖြစ်တစ်ဖက်နှင့်တစ်ဖက်စစ်ရေးအရှိန်များလည်း လျော့နည်းလာမည်ဟု ယုံကြည်ပါသည်။
၅။ပြဿနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်စခန်းများကိစ္စကို နှစ်ဦးနှစ်ဖက်သဘောတူညီမှုရသည်အထိ ဆွေးနွေးပြီးရရှိပြီးသော သဘောတူညီချက်များကို ရက်သတ်မှတ်၍ ဆောင်ရွက်သွားရန် ဖြစ်သည်။
photo: Reuters
 
ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို၂၀၁၂ဇန္ဒာဝါရီလလယ်ပိုင်းတွင် တွေ့ဆုံနွေးခဲ့ကြစဉ်က နှစ်ဖက်အပစ်အခတ်ရပ်ဆဲရန်သဘောတူညီခဲ့ကြသော်လည်း ကချင်ပြည်နယ်တွင် KIOနှင့် မြန်မာစစ်တပ်များနေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသေးပြီး စစ်ဘေးဒါဏ်ကြောင့် မိမိတို့ရပ်ရွာစွန်ခွာခဲ့ရသောဒုက္ခသည်များမှာယနေ့အချိန်အထိ မိမိတို့ရပ်ရွာသို့မပြန်နိုင်ကြဘဲ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိသည်။


.

1 comment :

Anonymous said...

ကျက်သေ၇တုန်းတယ်ကွာ။ မြန်မာနိုင်ငံကို ဖျက်ဆီးနေတဲ့ကောင်တွေက ငြိမ်းချမ်းေ၇းစကားပြောနေတာ အဓိပ္ပာယ်မ၇ှိလိုက်တာ။ ။