Monday 23 April 2012

စကာင်္ပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို ဦးတေဇဘဏ်ကိုခွင့်မပြုဘဲ သမဝါယမဘဏ်ကိုသာခွင့်ပြု။


 သမဝါယမဘဏ်(CB)

စစ်အစိုးရလက်ထက်တွင်လုပ်ငန်းရှင်ကြီးတဦးဖြစ်လာသော ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်၏ စင်ကာပူနိုင်ငံ၌ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုကို စင်ကာပူ ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) က ခွင့်ပြုခြင်းမရှိဘဲ ယနေ့ဧပြီ၂၃ရက်နေ့တွင် သမဝါယမCB ဘဏ်ကို စင်္ကာပူနိုင်ငံရှိ  Allbest Exchange Co.Ltdနှင့် ငွေလွဲဝန်ဆောင်မှုပူးတွဲလုပ်ဆောင်ခွင့်ပြုလိုက်ကြောင်းသတင်းရရှိသည်။ မြန်မာနိုင်ငံသားတဦးသည်တကြိမ်လျင် စင်္ကာပူဒေါ်လာ ၅၀၀၀အထိအများဆုံးမြန်မာနိုင်ငံသို့ငွေလွှဲနိုင်ပြီး ဝန်ဆောင်ခအဖြစ် မည်သည့်ငွေပမာဏမဆို ၁၂ဒေါ်လာကျသင့်မည်ဟုသိရသည်။

2 comments :

SV said...

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ ။ ထောက်ခံပါတယ်

SV

Anonymous said...

တစ်လွဲတွေပါလားဗျာ
MAS ကို AGD က လိုင်စင်လျောက်တယ်၊
MAS က လိုင်စင်အသစ် ဘယ်သူ.ကိုမှ ထပ်ထုတ်မပေးလို. လက်ရှိ လိုင်စင်ရှိသူတွေနဲ. တွဲလုပ်လို.ပြောတယ်၊ CB က MAS မှာ လိုင်စင် မလျောက်ပဲ လက်ရှိ လိုင်စင်ရှိသူနဲ. တွဲလုပ်တယ်၊ ဒါတွေကို ရန်ကုန်က ဂျာနယ်တွေ facebook တွေမှာ ဖတ်နေရတာ တော်တော်ကြာနေပြီ