Friday 13 April 2012

ကင်မရွန် က သိန်းစိန် ကို ပျားရည်နဲ့ ဝမ်းနှုတ်ပေးသွားခြင်း


 နှစ်သစ်ကူးမှာထူးတဲ့သတင်းကတော့  မြန်မာ ပြည်ကိုလာရောက်လည်သွားတဲ့
 ဗြိတိသျဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်က သမတ သိန်းစိန် ကို ပျားရည်နဲ့ ဝမ်းချပေးသွားတဲ့
သတင်းဖြစ်ပါတယ်။  ဒါကတော့ စီးပွားရေးပိတ်စို့ မှုကို ဆက်ထားမှာဖြစ်ပါတယ်။
သူပြောတဲ့အတိုင်းအတိအကျပြောရရင်တော့

"I think it is right to suspend sanctions that there are against Burma," he said. "To suspend them, not to lift them."  

 ပိတ်စို့ မှုကို ရုတ်သိမ်းလိုက်ပြီလို့  ပြတ်ပြတ်သားသား မပြောပဲ သိန်းစိန်အစိုးရအနေနဲ့ ဘယ်လောက် ရိုးသားမှုရှိသလဲ ဆိုတာကို အချိန်ဆွဲ ပြီး စောင့်ကြည့်ဦးမဲ့ အနေထားဖြစ်ပါတယ်။
 
ကင်မရွမ်းနဲ့ သိန်းစိန် တို့ နှစ်ဦး တွေ့ ဆုံပွဲက မြို့သားခါးပိုက်နိက်နဲ့ တောသားခါးပိုက်နိုက် နှစ်ဦး တောဘုရားပွဲမှာ
တွေ့ စဉ် တောသားခါးပိုက်နိက်ရဲ့  လက်ပတ်နာရီပါသွားတဲ့ဘ၀ပါ။

သိန်းစိန် က ကြားဖြတ်ရွေးကောက်ပွဲနဲ့ နိင်ငံတကာကို မျက်စိလှည်ပြီး ဒီမိုကရေစီပေးလိုက်ပါပြီ
လုပ်တော့ ကင်မရွမ်းကလဲ မြန်မာ ပြည်မှာ ဒီမိုကရေစီရှိပြီ သံယောင် လိုက်ဆိုပါတယ်။
ပိတ်စို့ မှုကိုမရုတ်သိမ်း၊ ပိတ်စို့ မှုကို ဆက်ထားမှာကို ဆက်ဆွဲလိုက်ပြီလို့ အားပါးတရ သံယောင်
ပေးခဲ့ပါတယ်။  ခွေးဝမ်းသာအောင် စားခွက်ခေါက် ပေးလိုက်ခြင်းဖြစ်ပါတယ်။


  လောလောဆယ်မှာတော့သိန်းစိန် အစိုးရဟာ နိင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ အသိအမှတ်ပြုမှုကို  အောက်ပိုင်းသေလောက်
အောင် မျော်လင့်နေကြပါတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် 
ကို တဖက်လှည့် နဲ့ အနိင်ပေးခဲ့တယ်လို့  ၀ါရင့်နိင်ငံရေးသမားတွေက သုံးသပ်မှုတွေရှိပါတယ်။




                  ကင်မရွမ် နဲ့ သိန်းစိန် တွေ့ ဆုံစဉ်

No comments :