Sunday 29 April 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရန်ကုန်ရောက်ရှိ


 U.N. Secretary-General Ban Ki-moon, center left, and his wife Yoo Soon-taek, center right, receive flowers from a staff upon their arrival at a hotel Sunday, April 29, 2012 in Yangon, Burma.

မူလ အစီအစဉ်ကတော့  ဘန်ဟာ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးတက်ရောက်မဲ့ တမတ်သားလွှတ်တော်မှာ  စကားပြောခွင့်ရမှာမို့  သူဟာ ခရီးစဉ် ကို  အမြန်ဆုံး စတင်ခဲ့တယ်။ တမတ်သားလွှတ်တော် နဲ့ တမတ်သား အစိုးရ ကလည်း  နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုခံလာရအောင်  နိုင်ငံတကာ ခေါင်ဆောင်ကြီးရဲ့ ရှေ့မှောက်မှာ ဓာတ်ပုံတွေ အရိုက်ခံ၊ သတင်းတွေဝေေ၀ဆာဆာ ဖော်ပြ ကြရအောင်ပေါ့။ စစ်ဗိုလ်တွေ တက်ရောက်နေတဲ့ တမတ်သားလွှတ်တော် မှာ အတိုက်အခံ ကိုယ်စလှယ်တွေ လည်း ရှိနေတယ်ဆိုတာ ကမ္ဘာ့ ကို အသိပေးချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။

ကမ္ဘာ့ အရေးအခင်းတွေ နဲ့ အလုပ်ရှုပ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တယောက် ဟာ နိုင်ငံတနိုင်ငံ ကို သွားရောက်လည်ပတ်ဖို့ဆိုတာ အမင်တန် မှ ပြင်ဆင် အချိန်ယူရပါတယ်။ အခြေအနေ နဲ့ အခွင့်ကောင်းတွေ ဖြစ်ပေါ်လာမှသာ အမြန်သွားရောက် လည်ပတ်ဖို့ အစီအစဉ်တွေ ပြုလုပ်တက်ကြတာပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တမတ်သားလွှတ်တော် အတွင်းမှာ မရှိသေးတာမို့  ကုလသမဂ္ဂ နှင့် တမတ်သား အစိုးရ အကြား မှာ အစကနဦး က  မျှော်လင့်ထားသလို  တော့ မဖြစ်လာခဲ့ဘူး။ ဘန်နဲ့ နီးစပ်တဲ့ သံတမန် အသိုင်းအ၀ိုင်းကတော့ ဘန် ဟာ ခရီးစဉ်အပေါ် မသွားခင်ကပင် တော်တော်လေး စိတ်ပျက် ခဲ့ရတယ်လို့ ဆိုတယ်။

ဘန်ဟာ မြန်မာနိုင်ငံမှာ  စစ်တပ်အစိုးရ ကနေ၊ တမတ်သား စစ်သားလွှတ်တော်ဖြစ်လာလို့ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာပြီ ဆိုတာကိုတော့ ပြောခဲ့တယ်။   စကားအသုံးအနှုန်းတောင် ပြောင်းလဲဖို့ ခက်နေတဲ့ တမတ်သားလွှတ်တော် အောက်မှာ  ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ ပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်ဆောင်နေပါတယ် ဆိုတဲ့  တမတ်သားအစိုးရ ကို ဘန် ဘယ်လို  ဆက်လက်ပြီး သုံးသပ်မလဲ၊ ဘာတွေပြောမလဲ ဆိုတာကတော့ မကြာခင်တွေ့ရပါတော့မယ်။

ဘန် နဲ့ နီးစပ်တဲ့ သံတမန် အသိုင်းအ၀ိုင်း က တော့ ဘန်ဟာ စစ်ဗိုလ်တွေ တက်ရောက်တဲ့ လွှတ်တော် ဆိုတာမျိုး ကို သူ့ရဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်းမှာ ဒါဟာ ပထမဦးဆုံး အကြိမ် တက်ရောက် မိန့်ခွန်းပြောမှာဖြစ်တယ်လို့ ကြိုတင်ခန့်မှန်းသုံးသပ်နေကြပြီး၊ စစ်ယူနီဖောင်းတွေနဲ့ လွှတ်တော် ကိုယ်စလှယ် အဖြစ် တက်ရောက်နေကြတဲ့ လွှတ်တော်ကို ကမ္ဘာမှာ ပတမ ဦးဆုံး မျက်မြင်ကိုယ်တွေ့ တွေ့ကြုံမြင်တွေ့ရ မဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တယောက် ဖြစ်လာလိမ့်မယ် လို့ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်း က ပြောဆိုနေကြတယ်။

3 comments :

Anonymous said...

be yourself and do something would be somewhat liveliness for u.. such a shame

Anonymous said...

လေးစားလိုက်နာပါမယ်ဆိုတာတောင် တော်တော်လွန်နေပြီဆိုတော့ အစိတ်သား အတင်းထည့်ခံထားရတဲ့ ဖွဲ့စည်းပုံကို တကယ်လဲ မလေးစားပဲ လေးစားပါတယ် သစ္စာဆိုတာကတော့ နဲနဲဗြောင်လိမ်ဗြောင်စားတာ ကာကွယ်စောင့်ရှောက်က များများ ဗြောင်လိမ်ဗြောင်စားတာ.. အင်း.. အဲလိုကြီး သတ်မှတ်ရမလိုပါပဲလားဗျာ..
i agree that comment.Does she really respect that အစိတ်သား အတင်းထည့်ခံထားရတဲ့ ဖွဲ့စည်းပုံ?Funny.

Anonymous said...

နင်တို့ကလည်း အန်အယ်ဒီကို ဝေဖန်လိုက်တာနဲ့ ဆတ်ဆတ်ထိမခံ။ ဒီမိုကရေစီကို နားမလည်ဘူးလား