Monday 16 April 2012

သင်္ကြန်တွင်းကာလ၌ ခွပ်ဒေါင်းသိက္ခာကျစေနိုင်သော အပြုအမှုများအား ရှောင်ကျဉ်သင့်ကြောင်း ဦးကျော်သူ ပြောဆို


ကောင်းမြတ်ဖြိုး ( မြစ်မခ )
ဧပြီလ ၁၆၊ သင်္ကြန်အတက်နေ့၊ ရန်ကုန်မြို့။

ဒီချုပ်(NLD) ပါတီကို အားပေးသူများအား လေးစားသောအားဖြင့် သင်္ကြန်တွင်းကာလ၌ ခွပ်ဒေါင်းသိက္ခာ ကျစေနိုင်သည့် အပြုအမှုများအား ရှောင်ကျဉ်သင့်ကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌက ဆိုသည်။

သင်္ကြန်တွင်းတွင် ခွပ်ဒေါင်းပါသော အလံများကို ခေါင်းတွင်စည်း၍ လည်ပတ်ခြင်းသည် မသင့်တော်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ အလံများကို ခေါင်းတွင်စည်း ၊ ဦးထုပ်ဆောင်းကာ အရက် ၊ ဘီယာသောက်စားကာ ပျော်မြူးနေခြင်းသည် ခွပ်ဒေါင်းသိက္ခာကို ကျစေနိုင်ကြောင်း နာရေးကူညီမှုအသင်းက ဦးကျော်သူက ခေတ်ကိုထောက်ပြပြောဆိုသည်။


 “ဒီ NLD ပါတီက အလံတွေကို မိန်းကလေးတွေ ကိုယ်မှာပတ်ပြီး လျှောက်လည်နေကြတာ အဲ့ဒါမလုပ်သင့်
ပါဘူး ၊ ဒီအလံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကအလံဆိုတော့ သူ့ကိုထောက်ခံတဲ့ လူတွေအတွက်
အဲ့ဒါဟာ သိက္ခာကျစေပါတယ်ဟု နာရေးကူညီမှုအသင်းမှ ဦးကျော်သူကပြောခဲ့သည်။

NLD ပါတီ၏ အမှတ်တံဆပ်ဖြစ်သည့် ခွပ်ဒေါင်းပုံပါသော ပစ္စည်းများမှာ ပါတီရန်ပုံငွေအတွက် ရောင်းချခဲ့ခြင်း  များဖြစ်ပြီး ၊ ပါတီဝင်မဟုတ်သူများနှင့် ပါတီဝင်များပါ ၀ယ်ယူခဲ့ခြင်းကြောင့် နေရာတိုင်းတွင် ပျံ့ နှံ့ လျက်ရှိသည်။

အလံကိုတော့ ပတ်ပြီးလျှောက်မသွားသင့်ဘူး အမတို့ ပါတီဝင်တွေ အဲ့လိုပတ်ရင် အမ ပြောပါတယ် ၊ တခြား ပစ္စည်းတွေကတော့ ဈေးကွက်ထဲရောက်သွားတာဆိုတော့ သူတို့ ဘာလုပ်လုပ် ကိုယ်ကမတက်နိုင်တော့ဘူး လေဟု ကလောမြို့  NLD ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်သန်းငွေ၏ သမီး မဖြူဖွေးကပြောသည်။


သင်္ကြန်အတွင်း လှည့်လည်လျက်ရှိသောကားအချို့ တွင် NLD တံဆိပ်များကို တွေ့ရသော်လည်း အခြား ပါတီများ၏ တံဆိပ်များကိုမူ မတွေ့ရကြောင်း ကားဖြင့်လှည့်လည်သွားလာလျက်ရှိသော ရေပက်ခံသူများထံက သိရသည်။

‘’ကျွန်တော်လည်းတွေ့တယ် ကောင်မလေးတစ်ယောက် အလံပတ်ထားတာတော့မဟုတ်ဘူး၊ ဦးထုပ်ဆောင်း ထားတယ် ခေါင်းမှာ ပုဝါစည်းထားတယ် ၊ ပြီးတော့ ဘီယာမူးနေတာလား အရက်မူးနေတာလား၊ မသိဘူး မဏ္ဍပ်က ဖွင့်တဲ့သီချင်းနဲ့ ကောင်းကောင်းကနေတယ်ဟု ကန်တော်လေးတွင်နေထိုင်သူ လူငယ်တစ်ဦးက  ပြောသည်။

No comments :