Tuesday 17 April 2012

နှစ်ဆန်းတရက်နေ့ညအချိန် မုံရွာမြို့၌မီးလောင်မှုဖြစ်ပွား

မြန်မာ့နှစ်ဆန်းတရက်နေ့ ည၉နာခွဲအချိန်ခန့်တွင် မုံရွာမြို့ဘုရားကြီးရပ်ကွက် တရုပ်တန်းလမ်းထိပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုစတင်ဖြစ်ပွားကတည်းကရပ်ကွက်သူရပ်ကွက်သားများမှငြိမ်းသတ်ရန်ကြိုးခဲ့သော်လည်း မြင်းပျံဘီစကစ်မုံဆိုင်တဆိုင်လုံးလောင်းကျွမ်းခဲ့ရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့သည်အချိန်ကြာအတော်ကြာမြှင့်ပြီးမှရောက်ရှိလာသောကြောင့် လူထုမှ မီးသတ်ကားအားခဲနှင့်ဝိုင်းထုရာ မီးသတ်တပ်ဖွဲ့တဦးဒါဏ်ရာရှိပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းသတင်းရရှိသည်။ည၁၀နာရီခွဲခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
 သံဃာတော်များမှဝိုင်းဝန်းမီးငြိမ်းသတ်ရုံမက မီးသတ်ကားပါမောင်းနေရပုံ။
ကလေးငယ်ပါမကျန်မီးဝိုင်းငြိမ်းသတ်။
မီးလောင်ရာသို့အချိန်အတော်ကြာနောက်ကျပြီးရောက်လာမှုကြောင့် လူထုကခဲနှင့်ထုရာတွင် မီးသတ်တပ်ဖွဲ့ဝင်တဦးထိမှန်ပြီးမေ့မြောသွားသောကြောင့် ဆေးရုံကြီးသို့ဘေးတွဲယာဉ်ဖြင့်ပို့ဆောင်။
Photos:Hein Min Htet

No comments :