Friday 20 April 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရှုံးလို့ ကြံဖွတ်အခမဲ့ဆေးကုခန်းကိုပိတ်။



ဧပြီလ(၁)ရက်နေ့တွင်ကျင်းပသော ရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ်မြေမှဝင်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွတ်ကိုယ်စားလှယ်ဦးတင်စိုးမိုးနိုင် ရှုံးနိမ့်သွားသည့်အတွက်ကြောင့် မော်လမြိုင်မြို့တွင်ဖွင့်လှစ်ထားသော ဖြိုးမေတ္တာအခမဲ့ဆေးကုခန်းကိုပိတ်လိုက်ကြောင်းသတင်းရရှိသည်။ အဆိုပါအခမဲ့ဆေးခန်းကို မော်လမြိုင်ပေါ်ရှိသီရိမင်္ဂလာရပ်ကွက်နှင့်ဇေယျာသီရိရပ်ကွပ်များမှဒေသခံ စီးပွားရေးသမားတို့ထံမှ အလှူငွေကောက်ခံပြီး ဖြိုးမေတ္တာအခမဲ့ဆေးခန်းကို ကြံ့ဖွတ်တို့နာမည်ခံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အခမဲ့ဆေးကုခန်းဖွင့်တော့ မရှိဆင်းရဲသားနာမကျန်းသူတွေအရမ်းအဆင်ပြေခဲ့ပါတယ်။ အခုတော့ဗျာ ကြံ့ခိုင်ရေးမဲမပေးဘဲ ခွပ်ဒေါင်းကိုမဲပေးလို့ ပိတ်လိုက်တာ၊ အတော်ကိုကလေးဆန်တဲ့ဦးတင်စိုးမိုးနိုင်ဘဲဗျ၊ စပြီးဖွင့်ကတည်းစေတနာမမှန်ဘဲ မဲရဖို့ သူဌေးတွေဆီကအလှူကောက်ငွေနဲ့ဖွင့်ခဲ့တာ၊ သူတို့တပြားမှစိုက်ကြတာမဟုတ်ဘူးဟု ဒေသခံတဦးကပြောပြသည်။ အလှူငွေထည့်ဝင်သော အလှူရှင်များမှာလည်း ဆေးခန်းဘာကြောင့်ပိတ်သည်ကို အကြောင်းကြားလာခြင်းမရှိသောကြောင့်၊ ဆေးခန်းပိတ်သည့်အကြောင်းရင်းနှင့် အလှူငွေရှင်းတမ်းလည်း ထုတ်ပြန်ခြင်းမရှိကြောင်း သတင်းရရှိသည်။

No comments :