Monday 23 April 2012

မိုဘိုင်းဖုန်းနှင့် လိမ်လည်မှု.ဖြစ်ပွါး

မိုဘိုင်းဖုန်းနှင့် လိမ်လည်မှု.ဖြစ်ပွါး

၂၂ ရက် ဧပြီလ ၂၀၁၂ ခုနှစ် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖုန်းနံပါတ်
၀၉၄၃၀၇၄၉၂၃ မှဖုန်းဆက်လာပါသည်။ မိုးယံရွှေလမင်း မြတ်ဆုကဋေထီဆိုင်မှ
ကံစမ်းမဲပေါက်ကြောင်း ပြောကြားပါသည်။ ထီထိုးသူများထဲမှ
ကံစမ်းမဲရွေးချယ်ရာ Toshiba LCD 42 လက်မ ပေါက်ကြောင်း၊
အိမ်အရောက်လာပို့မည်ဖြစ်ကြောင်း ပြောဆိုပါသည်။ ကံထူးရှင်သည်
ကုသိုလ်ကံအလွန်ကောင်းမွန်သည့် နက္ခတ်တွင် ရောက်နေသဖြင့် ယင်းတို့၏
သူဌေးနှင့် ဖုန်းဆက် စကားပြောစေလိုကြောင်း၊ သူဌေးဖုန်းနံပါတ်ကိုပေးရာ
ဖုန်းနံပါတ်မှာလည်း နံပါတ်တူ ၀၉၄၃၀၇၄၉၂၃ ပဲဖြစ်ပါသည်။ သူဌေး၏အမည်မှာ
ဦးအိုက်ထွန်းဖြစ်ပြီး ဦးအိုက်ထွန်းနှင့်ပင် ဖုန်းလက်ခံသူမှာ
စကားပြောဖြစ်ခဲ့ပါသည်။

ဦးအိုက်ထွန်းဆိုသူမှ ယင်းသည် သီတဂူဆရာတော်ဘုရား၏ တပည့်အရင်းဖြစ်ကြောင်း၊
ထီထိုးသူများ၏ ကံစမ်းမဲစာရင်းများကို စစ်ကိုင်း သီတဂူရှိ
သိမ်တော်ကြီးတွင် စီစစ်ခဲ့ပြီး တရားဘာဝနာအားထုတ်ရင်း အာရုံတွင်
တွေ့မြင်ရသည်မှာ ကံထူးရှင်သည် အလွန်ကံထူးသူဖြစ်သည်။ ၂၀၁၂အတွင်း သိန်း ၁၇၀
ထီပေါက်ရန် ကုသိုလ်ကံရှိကြောင်း သိမြင်ခဲ့ရသည်ဟု ပြောပါသည်။ ထို့ကြောင့်
ကံစမ်းမဲပေါက်သူ (ဖုန်းလက်ခံစကားပြောသူ)အား မိုးယံရွှေလမင်း မြတ်ဆုကဋေ
ဆိုင်တွင်သာ ကံစမ်းရန် စီစဉ်ပေးနိုင်ကြောင်း ပြောကြားပါသည်။ ကံစမ်းရမည့်
ထီလက်မှတ်များကိုလည်း သီတဂူဆရာတော်ဘုရားကြီး
သီးသန့်ရွေးချယ်ထားပြီးကြောင်းပြောပါသည်။

ကံစမ်းသူ (ဖုန်းလက်ခံစကားပြောသူ)ဘက်မှ ငွေ ၉၉၅၀၀
(ကိုးသိန်းကိုးသောင်းငါးထောင်ကျပ်တိတိ)ကို မိုးယံရွှေလမင်း မြတ်ဆုကုဋေ
ဆိုင်တွင်ကိုးကွယ်ထားသော ရွှေဘုရား ငွေဘုရားများအတွက် လှူဌာန်းရမည်
ဖြစ်သည်။ သီတဂူဆရာတော်ဘုရားကြီးမှ အထူးရွေးချယ်ထားသော ထီလက်မှတ်ကို
ဘုရားတစ်ဆု၏ အင်္ဂါထောင့်တွင် လက်ခံယူရန်လည်း ပြောကြားပါသည်။

ယင်းသို့ဖုန်းဆက် ပြောဆိုမှု.တွင် အဓိကကျသော အချက်များမှာ
-ဖုန်းနံပါတ် ၀၉၄၃၀၇၄၉၂၃
- မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်
-သူဌေးဦးအိုက်ထွန်း
-သီတဂူဆရာတော်ဘုရားကြီး
-စစ်ကိုင်းတောင် သီတဂူရှိ သိမ်တော်ကြီး
-တိုရှီဘာ ၄၂ လက်မ အယ်စီဒီ တီဗီ
-ငွေ ကိုးသိန်းကိုးသောင်းငါးထောင်  တို့ဖြစ်ပါသည်။

မိုဘိုင်းဖုန်းများ ယခင်ကထက် လွယ်ကူသောကာလများတွင်
လိမ်လည်မှု.များပိုမိုများပြားလာနိုင်သည့်အတွက်
သတိပြုမိရန်ဆင်ခြင်သင့်ကြောင်း သတင်းပေးပို့ အကြောင်းကြားပါသည်။

-------------------
တိကျတဲ့ သတင်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံရလို့ပါဗျာ။

1 comment :

tarrgyi12 said...

လိမ်သောသူ အပြစ်မ၇ှိပါကြောင်း ။