Sunday 22 April 2012

ကျပ်မပြည့်တဲ့ တမတ်သား စစ်တပ် ခလေးစစ်သား စုဆောင်းနေဆဲ





Child Soldiers by Burmese Army 
Must Free Child Soldiers in Burma

ခုခံကာကွယ်မှုကင်းမဲ့ နေတဲ့ မြန်မာ ကလေးငယ် များ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခံရဆုံးဖြစ်နေ။
ကလေးငယ်တွေဆိုတာ အနာဂတ်မှာ နိုင်ငံ ခေါင်းဆောင်ဖြစ်လာမည့် သူတွေဖြစ်တယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အတင်းအဓ္ဓမ စစ်သားအဖြစ် ခိုင်းစေ နေသ၍ တိုင်းပြည် ဟာ ဘယ်တော့ မှ မဖွံ့ဖြိုးနိုင်ဘူး။ 
တရားဥပဒေ ချိုးဖောက်နေတဲ့ စစ်တပ်ကို တမတ်သား အစိုးရ၊ တမတ်သားလွှတ်တော် က ဘယ်လို  ကိုင်တွယ်မလဲ၊ မျက်ကွယ်ပြုမလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

 ရန်ကုန်တိုင်း သာကေတမြို့နယ်က အသက် ၁၆ နှစ်ကျော်သာ ရှိသေးတဲ့ ၁၀ တန်းကျောင်းသား မောင်စန်းယုနိုင်ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။ မောင်စန်းယုနိုင်ဟာ လ္ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲ သွားရောက် ကြည့်ရှုရင်း ဗိုလ်ကြီး ဟန်လင်းဆိုသူက ခေါ်ဆောင်သွားပြီး ခလေးစစ်သားအဖြစ် သွတ်သွင်း ခဲ့တာပါ။ အခု မောင်စန်းယုနိုင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က စစ်အခြေခံ စစ်လေ့ကျင့်ရေးတပ် အမှတ် (၇) ကို ပို့ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ILO ကို သွားရောက် တိုင်ကြား ထားခဲ့ပေမယ့်လည်း အချိန် ၄ လ ကျော် ကြာသွားသည့်တိုင် အကြောင်း မထူးသေးဘူးလို့ မောင်စန်းယုနိုင်ရဲ့ အဘိုးဖြစ်သူ ဦးအောင်ငြိမ်းက ဆိုပါတယ်။

No comments :